သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ အာဏာသိမ်းရန်ကြိုးပမ်းမှု စီရင်ချက်ချ


တူရကီနိုင်ငံမှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ လက်ရှိ တာဝန်ထမ်း စစ်တပ်အရာရှိတွေနဲ့ စစ်အရာရှိဟောင်းများ တရားခွင်သို့ လာရောက်စဉ်
တူရကီနိုင်ငံမှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ လက်ရှိ တာဝန်ထမ်း စစ်တပ်အရာရှိတွေနဲ့ စစ်အရာရှိဟောင်းများ တရားခွင်သို့ လာရောက်စဉ်
တူရကီနိုင်ငံမှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ လက်ရှိ တာဝန်ထမ်းနေကြသူ စစ်တပ်အရာရှိတွေနဲ့ စစ်အရာရှိဟောင်းပေါင်း စုစုပေါင်း ၃၃၀ လောက်ကို တရားရုံးတခုက ပြစ်ဒဏ် ချလိုက်ပါတယ်။

သောကြာနေ့က ပြစ်ဒဏ်တွေချခဲ့တာမှာ တပ်မတော် ဦးစီးချုပ်ဟောင်း Cetin Dogan၊ လေတပ် အကြီးအကဲဟောင်း Ibrahim Firtina နဲ့ ရေတပ်အကြီးအကဲဟောင်း Ozden Ornek တို့ကို ထောင်ဒဏ် တသက် ပထမ ချမှတ်လိုက်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းဖို့ကြိုးပမ်းမှု မအောင်မြင်တဲ့ အတွက် နောက်ပိုင်းမှာ သူတို့ပြစ်ဒဏ်တွေကို အနှစ် ၂၀ စီ လျှော့ပေါ့ပေးခဲ့ပါတယ်။ တခြား လက်ရှိနဲ့ စစ်တပ်အရာရှိဟောင်းတွေကိုတော့ ဒီထက် လျှော့ပေါ့တဲ့ ပြစ်ဒဏ်တွေပေးခဲ့ပါတယ်။၊ စစ်အရာရှိ ၃၄ ယောက်ကို တော့ တရားသေလွှတ်ပေးခဲ့ပါတယ်။

Sledgehammer လို့ လျို့ဝှက် နာမည်ပေးထားတဲ့ ၂၀၀၃ ခုနှစ်က ပူပေါင်းကြံစည်မှုနဲ့ ဆက်နွယ်ပြီး ၂ နှစ်ကြာ အမှု စစ်ဆေးမှုလုပ် ခဲ့အပြီးမှာ ခုလို ပြစ်ဒဏ်တွေကို ချလိုက်တာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Recep Tayyip Erdogan အစိုးရကို ဖြုတ်ချဖို့ စစ်တပ်က ကြိုးပမ်းခဲ့တယ်လို့ တူရကီအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG