သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီစန္ဒယားဆရာ အစ္စလာမ်စော်ကားမှု စွဲဆိုခံရ


 တူရကီ စန္နယား ဂီတပညာရှင် Fazil Say
တူရကီ စန္နယား ဂီတပညာရှင် Fazil Say
လူသိများ ထင်ရှားတဲ့ တူရကီ စန္နယား ဂီတပညာရှင်ဟာ ပြီးခဲ့တဲ့ ဧပြီလက သူ့ရဲ့ တွစ်တာပေါ်မှာ အစ္စလာမ်ဘာသာကို ပုတ်ခတ် ရေးသားခဲ့တာကြောင့် ဘာသာရေး စော်ကားမှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ တွစ်တာပေါ်မှာ ရေးသားခဲ့တဲ့ မှတ်ချက်ကို တွစ်တာသုံးစွဲသူ အတော်များများက မူဆလင်တွေကို ဟာသ လုပ်ခဲ့ကြတဲ့ အတွက် ဘာသာရေး စော်ကားမှု အဖြစ် စွဲဆိုခံရတာကို အစ္စတန်ဘူးလ်က တရားရုံးက တရားခွင်မှာ အသက် ၄၂ နှစ် အရွယ် Fazil Say က ကိုယ်တိုင် ချေပခဲ့ပါတယ်။

အပြစ်ရှိတယ်လို့ အမိန့်ချမှတ်ခံရရင်တော့ ထောင်ဒဏ် ၁၈ လ အထက် ကျခံရမှာဖြစ်ပါတယ်။ ချက်ချင်း တရားသေ လွှတ်ပေးဖို့ Say က တရားရုံးမှာ တောင်းဆိုပေမယ့် တရားသူကြီးက ဒီအမှုကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ Say ဟာ ဥရောပ ကော်မရှင်ရဲ့ ယဉ်ကျေးမှု ဆိုင်ရာ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို New York Philharmonic နဲ့ Berlin Symphony Orchestra တို့ အပါအဝင် သံစုံတီးဝိုင်း အတော်များများလည်း ပါဝင်တီခတ်ခဲ့သူ ဖြစ်ပါတယ်။
XS
SM
MD
LG