သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ပိုင်နက်ထဲ ရုရှား တိုက်လေယာဉ်တွေ ကျူးကျော် ဝင်ရောက်


ရုရှားစစ်တိုက်လေယာဉ်တွေ ဆီးရီးယား အခြေစိုက်လေတပ် စခန်းကိုရောက်ရှိ။ (အောက်တိုဘာ ၃၊ ၂၀၁၅)
ရုရှားစစ်တိုက်လေယာဉ်တွေ ဆီးရီးယား အခြေစိုက်လေတပ် စခန်းကိုရောက်ရှိ။ (အောက်တိုဘာ ၃၊ ၂၀၁၅)

ဆီးရီးယားနယ်စပ်က တူရကီ ဝေဟင်ပိုင်နက်ထဲကို ရုရှား စစ်လေယာဉ်တွေ ကျူးကျော် ဝင်ရောက်ခဲ့အပြီးမှာတော့ တူရကီနဲ့ ရုရှား နှစ်နိုင်ငံရဲ့ အနာဂတ် ဆက်ဆံရေး အပေါ်မှာ တူရကီ သမ္မတက မေးခွန်းထုတ်လိုက်ပါတယ်။ ကျနော်တို့ တွေးထင်မထားတာ တချို့ ဖြစ်ပျက်ခဲ့ပါတယ်။ ဒီကိစ္စတွေကို တူရကီဘက်က လက်သင့်မခံနိုင်ပါဘူးလို့ တူရကီ သမ္မတ Recep Tayyio Erdogan က ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်နဲ့ အတူပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ တယ်လို့ တူရကီ Hurriyet နေ့စဉ် သတင်းစာက ဖော်ပြပါတယ်။

တူရကီ ဝေဟင်ပိုင်နက်ထဲကို ရုရှား လေယာဉ် တစင်း ထပ်မံ ဝင်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပြီးနောက် မနေ့ တနလာၤနေ့မှာဘဲ တူရကီဆိုင်ရာ ရုရှား သံအမတ်ကြီးကို အစိုးရက ဒုတိယအကြိမ် ဆင့်ခေါ်ခဲ့ပါတယ်။

ရုရှားတို့ရဲ့ ချိုးဖောက်မှုတွေဟာ မတော်တဆ ဖြစ်ခဲ့တာမျိုး မဟုတ်ဘူးလို့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO အတွင်းရေးမှူး Jens Stoltenberg က သတင်းထောက်တွေကို ဒီကနေ့ ပြောခဲ့တာပါ။ တူရကီရဲ့ ဝေဟင် ပိုင်နက်ကိုနောက်ထပ် ကျူးကျော်ဝင်ရောက်တာမျိုး မဖြစ်သင့်တော့ဘူးလို့လည်း NATO အတွင်းရေးမှူးက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရုရှား လေယာဉ်တစင်း တူရကီ ဝေဟင် ပိုင်နက်ထဲကို ဖြတ်သန်းခဲ့ပြီးနောက် နောက်ထပ် ဖြတ်သန်းမှုတွေ လုပ်ရင် ခံစားရမယ့် အကျိုးဆက်တွေကို ရုရှား သံအမတ်ကြီးကို ပထမအကြိမ် ခေါ်ယူသတိပေးခဲ့တာပါ။ တနင်္ဂနွေနေ့မှာဘဲ ထပ်ပြီး ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။

တူရကီ နယ်ထဲကို ဖြတ်ကျော်မိတာဟာ ရာသီဥတု အခြေအနေ ဆိုးရွား တာကြောင့် ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက မနေ့က တုံ့ပြန်ပြောဆိုပါတယ်။ ဆီးရီးယားနိုင်ငံတွင်းက အစ္စလာမစ် အစွန်းရောက် IS တပ်ဖွဲ့ဝင်တွေနဲ့ သူတို့အဆို အကြမ်းဖက်အဖွဲ့အစည်းတွေကို ပြီးခဲ့တဲ့ သတင်းပတ်က စလို့ ရုရှားတို့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား သမ္မတ Bashar al-Assad ရဲ့ မဟာမိတ်ဖြစ်သူ ရုရှားအစိုးရက ဆီးရီးယား အစိုးရကို ၄ နှစ်ကျော်ကြာ တိုက်ခိုက်နေတဲ့ သူပုန်တွေကို အကြမ်းဖက်သမားတွေလို့ မကြာခဏ သုံးနှုန်း ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG