သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေကို တူရကီရဲ အင်အားသုံးဖြိုခွဲ


တူရကီနိုင်ငံမှာဖြစ်ပွားနေတဲ့ သီတင်းပတ်နဲ့ချီ ဆန္ဒပြပွဲတွေအတွင်း အဆိုးရွားဆုံး အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး နောက်တစ်ရက် အင်္ဂါနေ့မှာ လုံထိန်းရဲတွေ ပစ်လွှတ်လိုက်တဲ့ မျက်ရည်ယိုဗုံးတွေနဲ့ ထူထပ်တဲ့ မီးခိုးလုံးတွေကြောင့် ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေဟာ အီစတန်ဘူလ်မြို့ Taksim ရင်ပြင်ကနေ ထွက်ပြေးခဲ့ကြပါတယ်။

ရဲတွေက ခုလို မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ stun grenades လို့ခေါ်တဲ့ လူတွေကို ငြိမ်သက်မိသွားစေတဲ့ ဗုံးလက်နက်တွေ သုံးပြီး ဆန္ဒပြသူတွေ ရင်ပြင်ကနေ ထွက်ခွာသွားအောင် ဖြိုခွင်းတာဟာ ဒါ ဒုတိယအကြိမ် ဖြစ်ပါတယ်။

ရင်ပြင်နဲ့ကပ်လျက်က ပန်းခြံကိုဖျက်ပြီး အာဏာပိုင်တွေက အဆောက်အဦးသစ် တည်ဆောက်မယ့်ကိစ္စကို ဆန္ဒပြသူတွေက ဟန့်တားဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် ရီစပ် တာရစ် အာဒိုဂန် (Recep Tayyip Erdogan) ဟာ ဘာသာရေးအရ လွတ်လပ်တဲ့နိုင်ငံမှာ သူ့ရဲ့ ရှေးရိုးစွဲ အစ္စလာမ်အယူအဆတွေ သိပ်သွင်းနေတယ်လို့ စွပ်စွဲပြီး ဝန်ကြီးချုပ် ရာထူးကနေ နှုတ်ထွက်ပေးဖို့လည်း တောင်းဆိုနေတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟာ ဆန္ဒပြသူတချို့နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဖို့စီစဉ်ထားပေမဲ့၊ တချိန်တည်းမှာလည်း ဆန္ဒပြသူတွေဟာ တူရကီနိုင်ငံရဲ့ ပုံရိပ်နဲ့ စီးပွားရေးကို ထိခိုက်အောင် တမင်ရည်ရွယ် ကြိုးစားနေတယ်လို့လည်း စွပ်စွဲပြောဆိုနေတာ ဖြစ်ပါတယ်။

တူရကီမှာ သီတင်းနှစ်ပတ်နီးပါးလောက် ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားလာချိန်ကတည်းက သေဆုံးသူ သုံးဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။ လူပေါင်း ၅ ထောင်လောက် ဒဏ်ရာရခဲ့ကြပြီး၊ လူပေါင်း ထောင်နဲ့ချီ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG