သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီနယ်စပ်မှာ IS အဖွဲ့ နယ်မြေသစ်တွေ သိမ်းပိုက်


အီရတ်နိုင်ငံ မြောက်ပိုင်းကို အစ္စလာမ် စစ်သွေးကြွတွေ ထိုးစစ်ဆင်ရာမှာ တူရကီနယ်စပ်တလျှောက် အခိုင်အမာ ခြေကုပ်ရနိုင်မယ့် ခြေလှမ်းတခုအဖြစ်နဲ့ ကာဒ့်လူမျိုးစုတွေရဲ့ မြို့ အတော်များများကို သိမ်းပိုက်ခဲ့ပါတယ်။

ဒေသခံတွေ တော်တော်များများကတော့ ထွက်ပြေးနေကြတယ်လို့လည်း နယ်ခံသတင်းထောက် တယောက်က ဗွီအိုအေ ကာဒ့်ဌာနကို ပြောပါတယ်။ Kobane ဒေသ အရှေ့ဘက်က ရွာသားတွေ ထွက်ပြေးကုန်ကြသလို IS အစွန်းရောက် အစ္စလာမ်စစ်သွေးကြွတွေကနေ မြို့ကို ဗုံးကျဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှာ ကြောက်တဲ့အတွက် မြို့ခံအရပ်သား အများစုလည်း မရှိကြတော့ဘူးလို့ သူက ပြောပါတယ်။

တချို့ကတော့ အိမ်နီးချင်း တူရကီနိုင်ငံတွင်း ထွက်ပြေးကြသလို၊ တချို့ကတော့ နယ်စပ်မှာပဲ ရှိနေကြသေးတယ်လို့လည်း ပြောပါတယ်။ စစ်သွေးကြွတွေ ဝင်ရောက်လာတဲ့အတွက် သောကြာနေ့ကစလို့ ကာ့ဒ်လူမျိုး ဒုက္ခသည်ပေါင်း ၁ သိန်းလောက်ဟာ တူရကီနိုင်ငံထဲ ထွက်ပြေးကုန်ကြတာပါ။

တူရကီ လုံခြုံရေး တပ်ဖွဲ့တွေကတော့ တနင်္ဂနွေနေ့မှာပဲ နယ်စပ်ဝင်ပေါက်တွေကို ယာယီ ပိတ်လိုက်ပြီး တူရကီဘက်ခြမ်းမှာ စုဝေးနေကြသူတွေကိုလည်း မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ပါတယ်။

XS
SM
MD
LG