သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kobani တိုက်ပွဲအတွက် ကဒ်သူပုန်တွေကို တူရကီကူညီမည်


ဆီးရီးယားနိုင်ငံ၊ ကိုဘန်နီမြို့က ကာဒ့် ဒုက္ခသည်တွေကို အရှေ့တောင်ပိုင်းက Suruc မြို့မှာ တွေ့ရစဉ်။ (အောက်တိုဘာ ၂၀၊ ၂၀၁၄)
ဆီးရီးယားနိုင်ငံ၊ ကိုဘန်နီမြို့က ကာဒ့် ဒုက္ခသည်တွေကို အရှေ့တောင်ပိုင်းက Suruc မြို့မှာ တွေ့ရစဉ်။ (အောက်တိုဘာ ၂၀၊ ၂၀၁၄)

နယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့တွင်းရှိနေတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ သွားရောက်မယ့် အီရတ်နိုင်ငံက Kurdish တွေ ဆီးရီးယားနိုင်ငံဆီ ဖြတ်သွားနိုင်ရေးအတွက် အကူအညီပေးနေတယ်လို့ တူရကီအစိုးရက ပြောပါတယ်။

အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ Kurd အာဏာပိုင်တွေထံက လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ ဆေးဝါးအထောက်ပံ့တွေကို တူရကီနယ်စပ်ရဲ့တောင်ဖက် ကပ်လျှက်မှာရှိတဲ့ Kobani မြို့ကို ခုခံတိုက်ခိုက်နေကြတဲ့ Kurdish တပ်ဖွဲ့တွေထံကို လေကြောင်းကနေ ချပေးမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်ပြီးတဲ့နောက် တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က တနင်္လာနေ့မှာ အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

တူရကီ နိုင်ငံခြားရေးဝန်ကြီးဟာ Peshmerga တပ်ဖွဲ့တွေအပေါ် အထောက်ကူပေးရေးနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် ဘာအသေးစိပ် အချက်အလက်မှ ပြောဆိုသွားတာမျိုး မရှိပါဘူး။ ဒါပေမယ့် တူရကီအစိုးရဟာ နယ်စပ်တလျှောက်မှာ ဖြစ်ပွားနေတဲ့ ခြိမ်းခြောက်မှုတွေကို ရှင်းပစ်ချင်ပြီး ဂျီဟတ် အစ္စလာမ်မစ် အစွန်းရောက်တွေကို တိုက်ခိုက်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေကို ပူးပေါင်းကူညီပေးတာဖြစ်တယ်လို့ သူက ပြောပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ တူရကီသမ္မတ Recep Tayyip Erdogan က Kobani မြို့ IS စစ်သွေးကြွတွေလက်ထဲ ကျရောက်မသွားရအောင် ခုခံကာကွယ်နေကြတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေကို လက်နက် တပ်ဆင်ပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

စစ်သွေးကြွတွေကို ခုခံနေတဲ့ Kurdish တွေဟာ တူရကီနိုင်ငံအတွင်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ အစိုးရကို နှစ် ၃၀ ကြာ လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေတဲ့ Kurdishstan Workers Party နဲ့ တန်းတူပဲလို့ ပြောပါတယ်။ Kurdishstan Workers Party ကို တူရကီနဲ့ အမေရိကန်ပြည်ထောင်စု တို့က အကြမ်းဖက်အုပ်စုအဖြစ် သပ်မှတ်ထားတာပါ။

XS
SM
MD
LG