သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ နိုင်ငံခြားရေး ဝန်ကြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ


ဲမြန်မာသမ္မတဦးသိန်းစိန်(ဝဲ )နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ahmet Davutoglu (ယာ)။ (ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံးဝဘ်ဆိုဒ်)
ဲမြန်မာသမ္မတဦးသိန်းစိန်(ဝဲ )နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ahmet Davutoglu (ယာ)။ (ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံးဝဘ်ဆိုဒ်)
မြန်မာနိုင်ငံမှာရောက်နေတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Ahmet Davutoglu ကို သမ္မတ ဦးသိန်းစိန်က နေပြည်တော်မှာ သြဂုတ်လ ၉ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အချိန်တိုကာလအတွင်း ပြုပြင်ပြောင်းလဲရေးကို အောင်မြင်စွာဆောင်ရွက်နိုင် တဲ့ နိုင်ငံတခုဖြစ်တယ်လို့ နိုင်ငံတကာက အသိအမှတ်ပြု လေးစားကြတဲ့အကြောင်းနဲ့ ရခိုင်ဒေသ အရေးကိစ္စကြောင့် မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင် တဲ့ ပုံရိပ်ကို မထိခိုက်စေလိုတဲ့အကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောတာကို မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။
သူ့ရဲ့ အခုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ဆီ သွားခွင့်ပြုတဲ့အတွက် သမ္မတကို ကျေးဇူးတင်စကား ဆိုခဲ့သလို အဲဒီဘက်က ပကတိအခြေအနေတွေကို တခြားနိုင်ငံတွေကို ရှင်းလင်း တင်ပြမယ့် အကြောင်းနဲ့ လာမယ့် သီတင်းပတ် ဆော်ဒီအာရေဗျနိုင်ငံ မှာ ကျင်းပမယ့် အစ္စလာမ်မစ်ညီလာခံအဖွဲ့ (OIC) အစည်းအဝေးအတွင်း ရခိုင်ဒေသအရေးကိစ္စကို ရှင်းလင်းတင်ပြမယ်လို့ လည်း တူရကီနိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ပါတယ်။

ဒါ့အပြင် တူရကီနိုင်ငံက အလှူရှင်တွေ ပေးအပ်လှူဒါန်းလိုက်တဲ့ အလှူငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ရခိုင်ဒေသက ဘေးဒဏ်သင့်သူတွေအတွက် အကူအညီပေးချင်တဲ့ အကြောင်းလည်း ပြောပါ တယ်။

တူရကီ နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ တူရကီနိုင်ငံက အဆင့်မြင့် တာဝန်ရှိသူ တဦး မြန်မာနိုင်ငံဆီ ပထမဆုံး လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ အရင်တုန်း ကတော့ မြန်မာနိုင်ငံ ဆိုင်ရာ တူရကီသံရုံးကို တခြားနိုင်ငံတွေမှာ တွဲထားခဲ့ပေမဲ့ အခုတော့ သံအမတ်ကြီးအဆင့် ခန့်အပ် ထားပြီဖြစ်ပြီး ရန်ကုန်မြို့မှာ ယာယီသံရုံး ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
XS
SM
MD
LG