သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသတ်မှုနဲ့ အဖမ်းခံရသူတွေ မြန်မာ သံအရာရှိ သွားတွေ့မည်


ထိုင်းနိုင်ငံအတွင်း ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်သူ တရားခံတွေ အဖြစ် မြန်မာနိုင်ငံသားများ ဖမ်းဆီးထိန်းသိမ်း ခံထားရ။
ထိုင်းနိုင်ငံအတွင်း ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်သူ တရားခံတွေ အဖြစ် မြန်မာနိုင်ငံသားများ ဖမ်းဆီးထိန်းသိမ်း ခံထားရ။

ထိုင်းနိုင်ငံအတွင်း ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်သူ တရားခံတွေအဖြစ် ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ မြန်မာနိုင်ငံသားတွေ ထံ မြန်မာသံရုံး ကောင်စစ် အရာရှိ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ သွားရောက်မှာ ဖြစ်တဲ့ အကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။

လူသတ်တရားခံများအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦး
လူသတ်တရားခံများအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦး

အဲ့ဒီအဖွဲ့မှာတော့ မြန်မာသံရုံး ကောင်စစ်အရာရှိ - ဦးထွန်းအေး - မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ကူညီ ဆောင်ရွက်ပေးနေတဲ့ MAT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းက ဦးကျော်သောင်း၊ မြန်မာ အလုပ်သမားများ ကူညီ စောင့်ရှောက်ရေးအသင်းရှေ့နေ ဦးအောင်မျိုးသန့်၊ ထိုင်းတောင်ပိုင်း အခြေစိုက် FED ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးမင်းဦး၊ ဦးမိုးဝေတို့အပြင် စကားပြန်တွေပါ လိုက်ပါသွားကြမယ်လို့ ဆိုပါတယ်။

အဲ့ဒီအဖွဲ့ဟာ ထိုင်းတောင်ပိုင်း စူရတ်ဌာနီမှတစ်ဆင့် မြန်မာ အလုပ်သမားများ ချုပ်နှောင်ထားရာ ကော့စမွီကိုသွားမှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကာယကံရှင်တွေ ကို တိုက်ရိုက် တွေ့ဆုံပြီး အဖြစ်မှန်ကို စုံစမ်း မေးမြန်းကြမှာဖြစ်ပါတယ်။

ဒီကိစ္စမှာ တရားမျှတမှု အပြည့်အဝ ရှိစေရေး အတွက် မြန်မာအစိုးရ အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက် နေပြီး မြန်မာနိုင်ငံသားများ ကို အကာကွယ်ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာအစိုးရက ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံတောင်ပိုင်းက ကျွန်းတခုကို အလည်လာရင်း အသတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ခရီးသွားစုံတွဲ အသက် ၂၃ နှစ်အရွယ် Hanna Witheridge နဲ့ အသက် ၂၄ နှစ်အရွယ် David Miller တို့ရဲ့ အလောင်းတွေကို သတ်ဖြတ်ခဲ့တဲ့ အကြောင်း မြန်မာနိုင်ငံသားနှစ်ဦးက ဝန်ခံခဲ့တယ်လို့ ထိုင်းရဲက ပြောဆိုအပြီး မကြာခင်မှာပဲ မြန်မာအစိုးရရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

XS
SM
MD
LG