သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လေကြောင်းလိုင်းကြီးနှစ်ခု ပူးပေါင်းဖို့ကြိုးစား


ကမ္ဘာ့အကြီးဆုံး လေကြောင်းလိုင်း ဖြစ်လာမယ့် American Airlines နဲ့ US Airways လေကြောင်းလိုင်းတို့ တခုတည်းပူးပေါင်းမယ့် အဆိုပြုချက်ကို အမေရိကန် တရားရေးဌာနနဲ့ တချို့ အစိုးရအရာရှိတွေက တားဆီးဖို့ ကြိုးစားနေကြပါတယ်။

ဒီ အပြောင်းအလဲကြောင့် ယှဉ်ပြိုင်မှုတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်သလို၊ ခရီးသည်တွေအတွက် လေယာဉ်ခနဲ့ တခြား ကုန်ကျစရိတ်တွေ ပိုပေးရပြီး၊ နှစ်စဉ် ဒေါ်လာ သန်း ရာနဲ့ချီ ထပ်ပြီး ကုန်ကျအောင် လုပ်ရာကျတယ်လို့ အမေရိကန် လက်ထောက်ရှေ့နေချုပ် Bill Baer က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ခရီးသည် သန်းနဲ့ချီဟာ လေကြောင်း ခရီးသွားလာမှုတွေအတွက် နှစ်စဉ် ဒေါ်လာ သန်း ၇၀ သုံးစွဲနေကြရတာ
ဖြစ်ပါတယ်။ ဒီလေကြောင်း ကုမ္ပဏီကြီးနှစ်ခုက သူတို့ဟာ ကိုယ့်ဘာသာ ရပ်တည်နိုင်တဲ့ အခြေအနေ ရှိတယ်ဆိုတာကို ပြောဆိုထားတဲ့အကြောင်း Baer က သတင်းထောက်တွေကို ပြောပါတယ်။

အခု တရားရေးဌာနက ပိတ်ပင်ဖို့ ကြိုးစားတဲ့သတင်းကြောင့် ဒီလေကြောင်း လိုင်း နှစ်ခုရဲ့ စတော့ရှယ်ယာဈေးတွေ ကျဆင်းသွားရပါတယ်။ လေကြောင်း လိုင်းတွေဟာ မကြာသေးခင် နှစ်တွေအတွင်းကစလို့ လုံခြုံရေး စရိတ်နဲ့ လေယာဉ်ဆီ ဈေးနှုန်း ကြီးမြင့်လာမှုတွေကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။
XS
SM
MD
LG