သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston ဗုံးခွဲသူတွေ လက်ချက်ကြောင့် သေဆုံးသူ ၂ ဦးအတွက် ဈာပနကျင်းပ


ရဲအရာရှိ Sean Collier ရဲ့ ဈာပနအခမ်းအနား (၂၃ ဧပြီ ၂၀၁၃)
ရဲအရာရှိ Sean Collier ရဲ့ ဈာပနအခမ်းအနား (၂၃ ဧပြီ ၂၀၁၃)
Boston မာရသွန် ဗုံးကွဲမှုကြောင့် ထိခိုက် သေဆုံးခဲ့သူ နှစ်ဦးရဲ့ ဈာပနကို အင်္ဂါနေ့က ပြုလုပ်သွားပါတယ်။ အသက် ၈ နှစ်အရွယ် မာတင် ရစ်ချတ် (Martin Richard) ရဲ့ ဈာပနကို သီးသန့် ပြုလုပ်သွားပါတယ်။ သူဟာ ဖခင်ဖြစ်သူရဲ့ မာရသွန်ပြိုင်ပွဲကို လာရောက်အားပေးရင်း၊ ဖခင်ဖြစ်သူ မာရသွန် ပန်းဝင်လိုင်းအဝင်မှာ စောင့်ဆိုင်းနေစဉ် ဗုံးကွဲမှုမှာ သေဆုံးခဲ့ရတာပါ။

သူ့ရဲ့ အမေဖြစ်သူနဲ့ သူ့ညီမ ဖြစ်သူတို့ဟာလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီ ဗုံးကွဲမှုဖြစ်ပြီး ၃ ရက်အကြာမှာ ဗုံးခွဲမှုနဲ့ သံသယရှိသူတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ Massachusetts Institute of Technology MIT လုံခြုံရေးအရာရှိ သျှောင် ကော်လာ (Sean Collier) အတွက် အောက်မေ့ဖွယ် ဈာပနကိုလည်း အင်္ဂါနေ့မှာပဲ ပြုလုပ်ခဲ့ပါတယ်။

ဗုံးကွဲမှုကြောင့် သေဆုံးခဲ့ရသူ နောက်နှစ်ဦးကတော့ စားသောက်ဆိုင် မန်နေဂျာ ခရစ္စတယ် ခန့်ဘဲလ် (Krystle Campbell) နဲ့ တရုတ်ကျောင်းသူလေး လူ လင်ဇီ (Lu Lingzi) တို့ ဖြစ်ကြပါတယ်။

ဗုံးကွဲမှုကြောင့် ထိခိုက်ရသူတွေကို ကူညီဖို့အတွက် တပတ်အတွင်းမှာ အလှူငွေ ဒေါ်လာ သန်း ၂၀ ကောက်ခံ ရရှိထားတယ်လို့ ဘော်စတွန် မြို့တော်ဝန် သောမတ်စ် မနီနို (Thomas Menino) က ပြောပါတယ်။

တချိန်တည်းမှာပဲ ဒဏ်ရာနဲ့ အရှင် ဖမ်းမိထားတဲ့ ဗုံးခွဲသူလို့ သံသယရှိသူကို စစ်ဆေးမေးမြန်းရာမှာ ကနဦး ရရှိထားတဲ့ အထောက်အထားတွေအရ သံသယရှိခံရသူ ညီအကို နှစ်ဦးဟာ အစ္စလာမ် ဘာသာရေး အစွန်းရောက်မှုကနေ အခုလို လုပ်ဆောင်လာတာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

ဒါပေမဲ့လည်း အကြမ်းဖက် အုပ်စုတွေနဲ့ ဆက်နွယ်မှုတော့ မရှိဘူးလို့ ပြောပါတယ်။ စွပ်စွဲခံထားရတဲ့ ဂျိုဟာ ဇဗားနော့ဗ် (Dzhokhar Tsarnaev) ဟာ သူနဲ့ သူ့အကိုဖြစ်သူ နှစ်ဦးထဲ ဒီတိုက်ခိုက်မှုကို လုပ်တာဖြစ်တယ်လို့ ထွက်ဆိုတဲ့အကြောင်း အစိုးရ ထောက်လှမ်းရေးတွေက ပြောပါတယ်။
XS
SM
MD
LG