သုံးရလွယ်ကူစေသည့် Link များ

မြန်မာ U23 ဗိုလ်လုပွဲ တက်ဖို့ မေ ျှာ်လင့်


U 23 မြန်မာဘောလုံးအသင်း- သတင်းဓာတ်ပုံ- မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်
U 23 မြန်မာဘောလုံးအသင်း- သတင်းဓာတ်ပုံ- မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်

မြန်မာ U-23 အသင်း အနေနဲ့ ဗီယက်နမ်ကို အနိုင်ကစားပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖိုင်နယ်တက်မယ်လို့ မြန်မာအသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင် က ပြောလိုက်ပါတယ်။ မြန်မာ U-23 အသင်းဟာ ဒီကနေ့ စနေနေ့မှာ ဗီယက်နမ် အသင်းနဲ့ အကြိုဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။ ဒီပွဲအတွက် ပြင်ဆင် ထားတဲ့ မြန်မာ အသင်းရဲ့ အခြေအနေ၊ ပရိဿတ်တွေရဲ့ တုံ့ပြန်သံတွေနဲ့ ပွဲကြို သုံးသပ်ချက်တွေကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မှာတော့ မြန်မာ ယူ-၂၃ ဘောလုံးအသင်းဟာ ဆီမီးဖိုင်နယ်ကို ရောက်နေပါပြီ။ ဆီမီးဖိုင်နယ် မှာ မြန်မာအသင်းဟာ ဗီယက်နမ်အသင်းနဲ့ ကစားရမှာပါ။ အရှေ့တောင်အာရှပြိုင်ပွဲ မတိုင်ခင် ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့ မေလက ခြေစမ်းခဲ့ တုန်း ကတော့ မြန်မာအသင်း ဟာ ဗီယက်နမ်အသင်းဟာ တဘက် ၂ ဂိုးစီ နဲ့ သရေကျထားပါတယ်။

ဒါပေမဲ့ အခု ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ မြန်မာအသင်းအနေနဲ့ ဗီယက်နမ်ကို အနိုင်ရပြီး ဖိုင်နယ်ကို တက်လိမ့်မယ်လို့ မြန်မာအသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်က ပြောပါတယ်။ မြန်မာအသင်းအနေနဲ့ ဗီယက်နမ်ကို ဒီပွဲမှာ နိုင်မှာဖြစ်ပြီး ၊ ရာခိုင်နှုန်းအားဖြင့် ၆၀ - ၄၀ ဖြစ်တယ်လို့ ဦးသန်းတိုးအောင်က ပြောပါတယ်။

ဒါ့အပြင် မြန်မာအသင်းရဲ့ နည်းပြချုပ် ဦးကြည်လွင်ကလည်း ဗိုလ်လုပွဲရောက်ဖို့ အတွက် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး ၊ ဗိုလ်လုပွဲရောက်မယ်လို့လည်း ယုံကြည်ကြောင်း မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောကြား သွားပါတယ်။ ဒါ့အပြင် မြန်မာယူ ၂၃ အသင်းအနေနဲ့ ဗိုလ်လုပွဲရောက်မယ်လို့ ယုံကြည်သလို၊ ဗိုလ်စွဲမယ်လို့ပါ ယုံကြည်ကြောင်း ဦးကြည်လွင်က ပြောပါတယ်။

ဆိုတော့ မြန်မာအသင်းအနေနဲ့ ဗိုလ်လုပွဲကို တက်နိုင်ဖို့အတွက်ဆိုရင် ဗီယက်နမ် အသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ကစားရမှာဖြစ်ပါတယ်။ မြန်မာအသင်း အနေနဲ့ ဗီယက်နမ်ကို အနိုင်ရဖို့အတွက် ဘာတွေလိုအပ်နေပါသလဲ။ ဒီပွဲအပေါ် အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့် သုံးသပ်တာက-

"မြန်မာအသင်း အနေနဲ့ အခု ကစားခဲ့ပြီးတဲ့ လေးပွဲလို တည်တည်ငြိမ်ငြိမ်နဲ့ ကစားရမယ်။ ကိုယ်က ဂိုးပေးလိုက်ရလို့ရှိရင်လည်း မပျာ ပဲနဲ့ ခြေပဂိုးရဖို့အတွက် တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးစားမယ်ဆိုရင် ကျနော်တို့အသင်း ဗိုလ်လုပွဲ ကို ရောက်နိုင်တဲ့ ခြေစွမ်း မျိုးရှိတယ်လို့ ကျနော်က အဲ့လိုပဲ သုံးသပ်ချင်တယ်။

ဒီအုပ်စုကနေ ရှုံးထွက်အဆင့်ရောက်ပြီဆိုရင်တော့ ဒါ ဘောလုံးပြိုင်ပွဲ တပွဲမှာ ဘယ်အသင်းမှ ဖလား မရနိုင်ဘူးဆိုတာ ပြောလို့မရပါဘူး။ ဒီလိုမျိုး အဖြစ်အပျက်တွေက ဘောလုံးပွဲတွေမှာ များစွာ ဖြစ်ခဲ့ပြီးပြီလေ။ မြန်မာ U 23 အသင်း ဆိုရင် အုပ်စုကနေ ဗိုလ်လုပွဲအဆင့်တောင် ရောက်နေပြီဆိုတော့ ကစား စရာ နောက်ထပ် နှစ်ပွဲပဲ ကျန်တော့တယ်။ ဆိုတော့ အဲ့ဒီ့နှစ်ပွဲမှာပါ အကောင်းဆုံးခြေစွမ်းကို ပြပြီးတော့ နည်းပြတွေကလည်း တည်တည်ငြိမ်ငြိမ်နဲ့ အသင်းကို ကိုင်တွယ်မယ်။ ကစားသမားတွေကလည်း နှစ်ပေါင်း ၄၀ ကျော် ၅၀နီးပါး Sea Game ရွှေဆုကို ပြန်ရအောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန် ချပြီးတော့ ကြိုးစားပြီးတော့ ရေကုန်ရေခမ်းကစားမယ်ဆိုရင် ကျနော်တို့Sea Game ရွှေဆုကို ပထမဆုံးအကြိမ် ပြန်သယ်လာနိုင်မယ့်ပွဲ ဖြစ်လာနိုင်စရာ ရှိပါတယ်လို့ ကျနော်ကတော့ အဲ့လိုပြောလိုက်ချင်ပါတယ်။ "

မြန်မာ နဲ့ ဗီယက်နမ်ပွဲကို စင်ကာပူ စံတော်ချိန် နေ့လည် ၂ နာရီ၊ မြန်မာစံတော်ချိန် ၁၂း၃၀ မှာ ကစားကြမှာဖြစ်ပြီး အခုလို နေ့လည်ပိုင်းကစားတဲ့အတွက် ကစားရတာ ခက်မယ်လို့ ဦးကြည်လွင်က ပြောပါတယ်။ မြန်မာအသင်းဟာ အခုဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့အင်္ကျီအနီရောင်ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG