သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်များ


ဥရောပချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်များ။
ဥရောပချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်များ။

ဥရောပချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာတော့ - ရီးယဲလ်မက်ဒရစ် နဲ့ မန်ချက်စတာစီးတီး ၊ ဘိုင်ယန်မြူးနစ် နဲ့ အက်တလက်တီကို မက်ဒရစ်တို့ တွေ့ကြမှာပါ။ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့ ဥရောပဘောလုံးအဖွဲ့ချုပ်မှာ သောကြာနေ့က မဲနှိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဧပြီလ ၂၆ ရက်နေ့မှာ မန်ချက်စတာစီးတီးက ရီးယဲလ်မက်ဒရစ် ၊ ဧပြီ ၂၇ ရက်နေ့မှာတော့ အက်တလက်တီကိုမက်ဒရစ် နဲ့ ဘိုင်ယန်မြူးနစ်တို့ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကစားကြမှာဖြစ်ပါတယ်။ ဒုတိယအကျော့ပွဲတွေကိုတော့ မေလ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ ကစားမှာပါ။

ရီးယဲလ်မက်ဒရစ် နည်းပြ ဇီဒန်းကတော့ “မန်စီးတီးနဲ့ပွဲက တော်တော်ခက်မယ့်ပွဲ" လို့ ပြောလိုက်သလို၊ မန်စီးတီးနည်းပြ ပယ်လီဂရီနီကလည်း “ ဘယ်အသင်းနဲ့ဖြစ်ဖြစ် ပွဲကြပ်ဖြစ်မှာပါလို့” ပြောပါတယ်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာတော့ ရှက်တာဒိုညက်စ် နဲ့ ဆဗီးလ် ၊ ဗီလာရီးယဲလ် နဲ့ လီဗာပူးလ်တို့တွေ့ကြမှာဖြစ်ပါတယ်။

XS
SM
MD
LG