သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူဂန်ဒါ ရွေးကောက်ပွဲ အတိုက်အခံခေါင်းဆောင် ဖမ်းဆီးခံရ


ယူဂန်ဒါ ရွေးကောက်ပွဲ အတိုက်အခံခေါင်းဆောင် (အလယ်) နဲ့အဖွဲ့ မျက်ရည်ယိုဗုံးတွေနဲ့ အဖြိုခွင်းခံရစဉ်။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆)
ယူဂန်ဒါ ရွေးကောက်ပွဲ အတိုက်အခံခေါင်းဆောင် (အလယ်) နဲ့အဖွဲ့ မျက်ရည်ယိုဗုံးတွေနဲ့ အဖြိုခွင်းခံရစဉ်။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆)

ယူဂန်ဒါနိုင်ငံက အဓိကအတိုက်အခံခေါင်းဆောင်ဟာ နှစ်ရက်အတွင်း ဒုတိယအကြိမ်မြောက် အဖမ်းခံထားရပါတယ်။ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Yoweri Museveni နောက် ဒုတိယခပ်လှမ်းလှမ်းနေရာကနေ လိုက်နေတာကို မဲရလာဒ်တွေက ပြနေချိန်မှာပဲ သူ အဖမ်းခံထားရတာပါ။

Kampala မြို့က ပါတီရုံးချုပ်ကနေ Besigye နဲ့ သူ့ရဲ့ Forum for Democratic Change FDC ပါတီက တခြားထိပ်တန်းအဖွဲ့ဝင် တွေကို ရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းသွားတာလို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။ အာဏာပိုင်တွေ ဘက်က ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေလုပ်တယ် ဆိုတဲ့ အကြောင်း ပြောဆိုမယ့် သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ ပါတီခေါင်းဆောင်တွေ ကြိုးစားတာနဲ့အမျှ အဆောက်အဦးထဲကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ပါတယ်။

နောက်ထပ် သမ္မတလောင်းတဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Amama Mbabazi ကတော့ သူ့အိမ်ကနေ ရဲတပ်ဖွဲ့ ရှေ့ပြေး အစောင့် အရှောက်မပါဘဲ ဒီကနေ့ ထွက်သွားပါတယ်။ လမ်းတွေပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေတာကို ရိုက်ယူထားတဲ့ ဗွီဒီယိုကို သူက အွန်လိုင်းမှာ တင်ထားပါတယ်။

ယူဂန်ဒါရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ထုတ်ပြန်တဲ့ ယာယီ မဲရလာဒ်တွေမှာတော့ သမ္မတ Museveni က မဲအရေအတွက် ၆၂% လောက်နဲ့ ဦးဆောင်နေပြီး Besigye က ၃၂% ရထားပါတယ်။ Mbabazi ကတော့ ၂% တောင်မရဘဲ တတိယနေရာက လိုက်နေတာပါ။

XS
SM
MD
LG