သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီဂါအကျဉ်းသားတွေ လွှတ်ပေးမှု တရုတ်ဝေဖန်


 ၂၀၀၆ခုနှစ်က Guantanamo အကျဉ်းထောင်က လွတ်မြောက်သွားခဲ့သူ ဝီဂါအကျဉ်းသားနှစ်ဦးကို တွေ့ရစဉ်။
၂၀၀၆ခုနှစ်က Guantanamo အကျဉ်းထောင်က လွတ်မြောက်သွားခဲ့သူ ဝီဂါအကျဉ်းသားနှစ်ဦးကို တွေ့ရစဉ်။
ဂွတာနာမိုအကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ ဝီဂါ အကျဉ်းသားသုံးဦးကို ဆလိုဗက်ကီးယားကို ပြောင်းရွှေ့ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက် အပေါ် တရုတ်က ဝေဖန်ပြစ်တင်ပါတယ်။ အခု ဒီလူတွေဟာ ဂွာတာနာမိုမှာ အဖမ်းခံနေရတဲ့ ဝီဂါ မွတ်ဆလင် ၂၂ ဦးအနက် နောက်ဆုံး ကျန် သူတွေဖြစ်ကြပါတယ်။ သမ္မတ အိုဘားမားအနေနဲ့က အဲဒီ ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်မယ်ဆိုပြီး ကတိပေးထားတာပါ။ အဲဒီ ဝီဂါသုံးဦးဟာ အန္တရာယ်ကြီးပြီး သူတို့ကို တရုတ်လက်ထဲ ပြန်အပ်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Qin Gang က ကြာသာပတေးနေ့က ပြောပါတယ်။

သူတို့သုံးဦးဟာ East Turkestan အစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့နဲ့ ပတ်သက်သူတွေဖြစ်တယ်လို့ တရုတ်က ပြောပါတယ်။ အဲဒီအဖွဲ့ဟာ တရုတ်နိုင်ငံ အနောက်ခြမ်း ဆင်ဂျမ်းပြည်နယ်ကို သီးခြားခွဲထွက်ဖို့ လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဝီဂါ တတ်ကြွလှုပ်ရှားသူတွေဘက်ကတော့ သူတို့သုံးဦးဟာ တရုတ်ပြည်ကို ပြန်ပို့ခံရရင် နှိပ်စက်ညှင်းပမ်းခံရမှာဖြစ်တာကြောင့်၊ အခုလို အမေရိကန်ဖက်က ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့အကြောင်း အမေရိကန် ဝီဂါ အဖွဲ့က Alim Seytoff က ဗွီအိုအေကို ပြောပါတယ်။

၂၀၀၁ ခုနှစ် အမေရိကန်ဦးဆောင်တဲ့ အာဖဂန်စစ်ပွဲကာလမှာ သူတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ အကြမ်းဖက်သမားတွေအဖြစ်နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာတော့ သူတို့ ၂၂ ဦးလုံးကို လွှတ်ဖို့ အမေရိကန် တရားသူကြီးတဦးက အမိန့်ချပါတယ်။ ဒါပေမယ့်လည်း သူတို့ကို ဘယ်ပြန်လွှတ်ရမလဲ ဆိုတဲ့အပေါ်မှာ အမေရိကန် တာဝန်ရှိသူတွေဘက်က ခေါင်းကြီးခဲ့ရပါတယ်။

ဒီ့မတိုင်ခင် လွှတ်ပေးခဲ့တဲ့ ဝီဂါ ၁၉ ဦးကိုလည်း အခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းအခြေချခွင့်ပေးခဲ့တာပါ။
XS
SM
MD
LG