သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိသျှ လွှတ်တော် ရွေးကောက်ပွဲများ စတင်


ဗြိတိန်ဝန်ကြီးချုပ် Conservative Party ခေါင်းဆောင်ရဲ့ မဲဆွယ်စည်းရုံးရေး။ (မေ-၂၀၁၅)
ဗြိတိန်ဝန်ကြီးချုပ် Conservative Party ခေါင်းဆောင်ရဲ့ မဲဆွယ်စည်းရုံးရေး။ (မေ-၂၀၁၅)

ဗြိတိန်နိုင်ငံ ပါလီမန်ရွေးကောက်ပွဲကို ဒီကနေ့ စတင်လိုက်ပါတယ်။ ကြိုတင်ခန့်မှန်းချက် စစ်တမ်းတွေအရ ပါတီကြီး ၂ ခုအကြား ရလဒ်ဟာ ညီမျှနေတာမို့ ဘယ်သူ အနိင်ရမယ် မှန်း ခန့်မှန်းရခက်နေပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကောက်ခံရရှိတဲ့ နိုင်ငံလုံးဆိုင်ရာ စစ်တမ်းအရ ဝန်ကြီးချုပ် David Cameron ရဲ့ ကွန်ဆာဗေးတစ်ပါတီက ၃၃% ရရှိထားပြီး အဓိက အတိုက်အခံပါတီဖြစ်တဲ့ Edward Milliband ရဲ့ Labor party ပါတီကတော့ ၃၂ % ရရှိထားပါတယ်။

ရွေးကောက်ပွဲရလဒ်ဟာ ဗြိတိန် ရဲ့အဓိကပါတီကြီးနှစ်ခုက ကျန်ပါတီငယ်တွေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ဖြစ်လာနိုင်ပြီး ပါလီမန်ရဲ့နေရာ ၆၅၀ ကို မျှဝေယူမယ့် သဘော ဖြစ်လာ နိုင်တယ်လို့ လူထုစစ်တမ်းတွေက ဆိုပါတယ်။ လေ့လာ ဆန်းစစ်သူတွေကတော့ အခုကျင်းပတဲ့ ဗြိတိန်ရွေးကောက်ပွဲဟာ ခန့်မှန်းရ အခက်ဆုံး ရွေးကောက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ဝန်ကြီးချုပ် David Cameron ကတော့ သူသာ ပြန်အရွေးခံရမယ် ဆိုရင် နိုင်ငံပေါင်း ၂၈နိုင်ငံပါတဲ့ ဥရောပသမဂ္ဂထဲမှာ ဗြိတိန် ဆက်နေသင့် မနေသင့်ဆိုတဲ့ကိစ္စကို လူထုဆန္ဒ ခံယူပွဲ လုပ်သွားမယ်လို့ မဲဆွယ်ပွဲမှာ ကတိပေးထားပါတယ်။

စတော့တလန်ကို ဗြိတိန်ကနေ ခွဲထွက်ခွင့် ပေးမှာလားဆိုတာကလည်း အဓိကအကြောင်းအရာ အဖြစ် ဆက်ရှိဆဲဖြစ်ပါတယ်။ ခွဲထွက်ရေးကိစ္စ မနှစ်တုန်းက လူထုဆန္ဒ ခံယူရာမှာ စတော့တလန်တွေ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနေ့ရွေးကောက်ပွဲမှာ စတော့တလန် အမျိုသားပါတီ SNP က ပါလီမာန်ထဲ တတိယအင်အား အကြီးဆုံးအုပ်စု ဖြစ်လာနိုင်ပြီး လေဘာပါတီနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့လာနိုင်ပါတယ်။

ဗြိတိန်ဟာ ကမ္ဘာ့ စီးပွါးရေးအင်အားကြီးနိုင်ငံအဖြစ် အဆင့်ငါးမှာ ရှိနေပါတယ်။ ဗြိတိန်ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ ၄၅ သန်းဟာ မဲရုံပေါင်း ၅ သောင်းမှာ မဲပေးနေကြပါတယ်။

XS
SM
MD
LG