သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒုက္ခသည်တွေအတွက် ကုလကနောက်ထပ် ဒေါ်လာ ၅ သန်းလှူ


ရခိုင်ပြည်နယ်တွင်း မူဆလင် ဒုက္ခသည်စခန်းအတွင်း အကူအညီပစ္စည်းတွေ ပေးဝေနေစဉ်။ (နိုဝင်ဘာလ ၁၀၊ ၂၀၁၂)
ရခိုင်ပြည်နယ်တွင်း မူဆလင် ဒုက္ခသည်စခန်းအတွင်း အကူအညီပစ္စည်းတွေ ပေးဝေနေစဉ်။ (နိုဝင်ဘာလ ၁၀၊ ၂၀၁၂)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကနေ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ လက်ကျန် ဒုက္ခသည် ၆ သောင်း ၉ ထောင် အတွက် ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး ရန်ပုံငွေဌာနက CREF က အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံ လှူဒါန်းလိုက်ပါတယ်။

ဒါဟာ အရေးပေါ်ကယ်ဆယ်ရေးဌာန ပူးပေါင်းဆောင်ရွက်ရေးမှူး Valerie Amos အနေနဲ့ မနှစ်က လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် တတိယအကြိမ်မြောက် အကူအညီ ပေးပို့တာလည်း ဖြစ်ပါတယ်။ အဲဒီ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတမ်းရှောင်ခဲ့ရတဲ့ ဒုက္ခသည် ၁ သိန်း ၄ သောင်းလောက် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။

၂၀၁၂ ခုနှစ်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း CREF ဌာနအနေနဲ့ ခုချိန်ထိ အမေရိကန်ဒေါ်လာ ၁၅ သန်း ကူညီ ပံ့ပိုးပေးပြီး ဖြစ်ပါတယ်။

အခု နောက်ဆုံးပေးတဲ့ ဒေါ်လာ ၅ သန်းထဲက တချို့ကိုတော့ ရခိုင်ပြည် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က တင်ပြထားတဲ့ လိုအပ်ချက်တွေနဲ့ အညီ ပေးပို့ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။အခုအခါ မိုးရာသီနီးလာပြီဖြစ်တာကြောင့် စစ်တွေ၊ ပေါက်တောနဲ့ မြေပုံမြို့နယ် အတွင်းမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေ အရေးပေါ် အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ ကျန်တချို့ကိုတော့ လိုအပ်နေတဲ့ တခြား လူသားချင်းစာနာတဲ့ အကူအညီ ပေးရေးအတွက် အသုံးပြု သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။

၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ CERF ဌာနအနေနဲ့ ငွေကြေး အကူအညီ လိုအပ်နေတဲ့ မြန်မာနိုင်ငံက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် အမေရိကန်ဒေါ်လာ ၇၆ သန်း ကူညီ ပံ့ပိုးပေး ခဲ့ပြီး အဲဒီ အထဲက ၃၇ သန်းဟာ ရခိုင်ပြည် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ပေးခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။
XS
SM
MD
LG