သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NGO တွေ ရခိုင်ပြည်နယ် ပြန်ဝင်ခွင့်ရရေး ကုလနဲ့ဗြိတိန် ဖိအားပေး


နိုင်ငံတကာ NGO အဖွဲ့တွေ စစ်တွေမြို့က ထွက်ခွာသွားကြစဉ်။
နိုင်ငံတကာ NGO အဖွဲ့တွေ စစ်တွေမြို့က ထွက်ခွာသွားကြစဉ်။
မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အကူအညီပေးရေး အဖွဲ့အစည်းတွေ လုပ်ငန်းတွေ မလုပ်နိုင်ဘဲ ဖြစ်နေရတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်မကင်းမှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojae Quintana ကလည်း ဒုက္ခသည်တွေနဲ့ လက်လှမ်းမမီတဲ့ ဒေသက လူတွေအတွက် ကျန်းမာရေး၊ ရေနဲ့ အစားအစာ အပါအဝင် အရေးပေါ် အကူအညီတွေ မပေးနိုင်တာကြောင့် စိုးရိမ်စရာ ဖြစ်ရတဲ့အကြောင်း တနင်္လာနေ့ကပဲ ပြောဆိုခဲ့တာပါ။

ကျန်းမာရေး အကူအညီတွေ မပေးနိုင်တဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ လူပေါင်း ၁ သိန်း ၄ သောင်းနဲ့ ပြင်ပမှာနေထိုင်သူ ၇ သိန်းလောက် အခက်အခဲတွေ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

တနင်္လာနေ့မှာပဲ ဗြိတိန် နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး Hugo Swire ကလည်း မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး မတ်လနှောင်းပိုင်း စစ်တွေမြို့က တိုက်ခိုက်မှုတွေကြောင့် ပြောင်းရွှေ့ခဲ့ကြရတဲ့ NGOs တွေကို အမြန်ဆုံး ပြန်ဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ လူနည်းစုတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ကြောင်းလည်း ဝန်ကြီး Swire က ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားကတော့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အစီအစဉ်မှာ ရိုဟင်ဂျာတွေအဖြစ် စာရင်းသွင်းခွင့် မပြုဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
XS
SM
MD
LG