သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှုသစ် ကုလ လုံခြုံရေးကောင်စီ ချမှတ်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပနေစဉ် (မတ် ၇ ၂၀၁၃)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပနေစဉ် (မတ် ၇ ၂၀၁၃)
မြောက်ကိုရီးယားနိုင်ငံ နောက်ဆုံးလုပ်ခဲ့တဲ့ Nuclear စမ်းသပ်မှုကို တုန့်ပြန်တဲ့ အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူဒဏ်ခတ်မှုအသစ်တွေ ထပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အရေးယူဒဏ်ခတ်မှုတွေလုပ်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက ကြာသပတေးနေ့က တခဲနက် မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့လမှာ Nuclear စမ်းသပ်မှုလုပ်ခဲ့ပြီးနောက် သူ့ရဲ့ အနီးကပ်မဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ကြားမှာ သီတင်းပါတ်ပေါင်းများစွာ ညှိုနှိုင်းခဲ့ပြီးမှ အခုလို အရေးယူ ဒဏ်ခတ်မှုတွေ လုပ်နိုင်ခဲ့တာလဲဖြစ်ပါတယ်။

လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်မှု မလုပ်ခင်မှာပဲ မြောက်ကိုရီးယားနိုင်ငံက အမေရိကန်အပေါ် ကြိုတင် Nuclear တိုက်ခိုက်မှုတွေလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ မြောက်ကိုရီးယားအနေနဲ့
သူ့ရဲ့ လက်ဦးမှုရယူ တိုက်ခိုက်နိုင်ခွင့်ကို အသုံးချပြီး ကျူးကျော်သူတွေရဲ့ ဌာနချုပ်ကို Nuclear လက်နက်နဲ့ တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ပြောကြား ခဲ့တာပါ။

အမေရိကန်က Nuclear စစ်ပွဲစဖြစ်တော့မယ်လို့လဲ ဆိုပါတယ်။ အခုလုံခြုံရေးကောင်စီရဲ့ အရေးယူ ဒဏ်ခတ်မှုအသစ်တွေအရ မြောက်ကိုရီးယားအစိုးရရဲ့ Nuclear နဲ့ Missile ဒုံးလက်နက် အစီအစဉ်တွေကို အထောက်အပံ့ပေးရာရောက်တဲ့ ငွေကြေးလွှဲပြောင်းမှုနဲ့
ဘဏ္ဍာရေး ဝန်ဆောင်မှုတွေ အားလုံးကို ပိတ်ဆို့မှာဖြစ်ပါတယ်။ အဲဒီအပြင်
မြောက်ကိုရီးယားစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေကို နာမည်ပျက်
စာရင်းထဲသွင်းပြီး ခရီးသွားကန့်သတ်ချက်တွေနဲ့ ချမှတ်လိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အဝင်အထွက် ကုန်တင်သင်္ဘောတွေကို စစ်ဆေးဖို့နဲ့
သတ်မှတ် ဇိမ်ခံပစ္စည်းတွေကို မြောက်ကိုရီးယားကို တင်ပို့ခွင့်တွေကိုပါ
ပိတ်ပင်လိုက်ပါတယ်။ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်
အရေးယူမှုတွေ အားလုံးကြောင့် မြောက်ကိုရီးယားကို အထိနာနိုင်မယ်လို့
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Susan Rice က လုံခြုံရေးကောင်စီမှာ
မဲခွဲဆုံးဖြတ်ပြီး မကြာခင်မှာပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
XS
SM
MD
LG