သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲအတွက် ကုလစိုးရိမ်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း

မြန်မာနိုင်ငံမှာ လူမှုအသိုင်းအဝိုင်းတွေကြား မပြေမလည်ဖြစ်စေမယ့် အမုန်းစကားပြောဆိုမှုတွေ ဆက်လုပ်နေတာနဲ့ လူအများစု အသိုင်းဝိုင်းကြားက အစွန်းရောက်တွေက ဘာသာရေးကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အသုံးချနေတာတွေ တွေ့နေရတာမို့ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချူပ် ဘန်ကီမွန်းက နိုဝင်ဘာလ တရက်နေ့မှာ ကျေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပတော့မှာမို့ လူပုဂ္ဂိုလ် တစ်ဦးချင်းကိုဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ သူတို့ရဲ့ မျိုးနွယ်၊ ကိုးကွယ်ရာဘာသာ၊ နိုင်ငံရေးအမြင်ကွဲပြားမှု၊ ကျားမကွဲပြားမှုတွေနဲ့ ပတ်သက်ပြီး ဆန့်ကျင်ဘက် အမုန်းပွားစေမယ့် ကိစ္စမျိုးတွေကို အတတ်နိုင်ဆုံး သည်းခံ ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်တာပါ။

မကြာသေးခင်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee ကို ထိခိုက်အောင် ပြောဆိုတာတွေ ရှိခဲ့သလို အခုလို လုပ်ဆောင်မှုတွေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ်မှာပါ လုပ်ဆောင်နေတာ တွေ့ရတာမို့ ဒါဟာ ကိုယ့်နိုင်ငံရဲ့ ဂုဏ်ကို ထိခိုက်စေတယ်လို့ ပြောပါတယ်။

အထူးကိုယ်စားလှယ် မစ္စ Yanghee Lee ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အရေးပါတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး သူကိုယ်တိုင် ယုံကြည်မှု အပြည့်ရှိသလို ထောက်ခံမှုပေးနေကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သမ္မတဦးသိန်းစိန်ဆီကို စာတစ်စောင် ရေးသား ပေးပို့ခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

XS
SM
MD
LG