သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကြက်ခြေနီ စေတနာ့ဝန်ထမ်း သေဆုံးမှု ကုလအထူးဝမ်းနည်း


စေတနာ့ဝန်ထမ်း ကြက်ခြေနီ ဦးမိုးကျော်သန်း ကိုးကန့်တိုက်ပွဲက စစ်ပြေးဒုက္ခသည်တွေကူညီရင်း သေနတ်ထိမှန်စဉ်။
စေတနာ့ဝန်ထမ်း ကြက်ခြေနီ ဦးမိုးကျော်သန်း ကိုးကန့်တိုက်ပွဲက စစ်ပြေးဒုက္ခသည်တွေကူညီရင်း သေနတ်ထိမှန်စဉ်။

ကိုးကန့်ဒေသ တိုက်ပွဲတွေအတွင်း ကြက်ခြေနီယာဉ်တန်း အပစ်ခံရမှုမှာ ဒဏ်ရာရခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ် ကြက်ခြေနီဝန်ထမ်းတဦး ဆုံးပါးခဲ့တာနဲ့ ပတ်သက်လို့ အထူး ဝမ်းနည်း ကြေကွဲရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့ဲရဲ့ ပူးပေါင်းဆောင်ရွက်ရေးမှူး Renata Dessalien က ပြောကြောင်း ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲ အတွင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က တနင်္လာနေ့မှာ ပြောပါတယ်။

“ကိုးကန့်ဒေသမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း သေနတ်ဒဏ်ရာ ရရှိခဲ့တဲ့ ဦးမိုးကျော်သန်း သောကြာနေ့က ကွယ်လွန်သွားတဲ့အတွက် အထူး ဝမ်းနည်းကြေကွဲရပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာမှုအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ရေးမှူး Renata Dessallien က ပြောပါတယ်။ စစ်မက် ဖြစ်ပွားနေတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရပ်သားတွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးတဲ့သူတွေ ထိခိုက်မှု မရှိအောင် ပါဝင်ပတ်သက်နေသူအားလုံးက သတိထား ဆောင်ရွက်ကြစေလိုကြောင်း၊ တခြားသူတွေကို အကူအညီပေးတဲ့အတွက် အဲဒီ အကူအညီပေးတဲ့သူတွေရဲ့ အသက်အန္တရာယ် မဖြစ်သင့်ကြောင်း Renata Dessallien က ပြောတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောသွားတာပါ။”

မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့က ဝန်ထမ်း ဦးမိုးကျော်သန်းဟာ ကိုးကန့်ဒေသမှာ ပြင်းထန်စွာ ရခဲ့တဲ့ ဒဏ်ရာတွေကို ဆေးရုံ သုံးခုပြောင်းပြီး တလခွဲနီးပါး ကုသခဲ့ပြီးနောက် သောကြာနေ့က မန္တလေးဆေးရုံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ ကွယ်လွန်ချိန်မှာ အသက် ၄၃ နှစ်ရှိပြီ ဖြစ်ပြီး မိခင်၊ ဇနီးဖြစ်သူနဲ့အတူ သားသမီး ၅ ဦး ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ရုပ်အလောင်းကိုတော့ မိသားစုရှိရာ ကွမ်လုံမြို့မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG