သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီယားစက်ရုံ ကုလစုံစမ်းရေးမှူးများ စစ်ဆေး


 Arak မြို့က ရေလေးထုတ်လုပ်မှု ဓာတ်ပေါင်းဖို ရှိရာ နျူကလီယားစက်ရုံ။
Arak မြို့က ရေလေးထုတ်လုပ်မှု ဓာတ်ပေါင်းဖို ရှိရာ နျူကလီယားစက်ရုံ။
IAEA နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီရဲ့ စစ်ဆေးရေးမှူးတွေဟာ အီရန် နျူကလီယားဆိုင်ရာ ရေလေးထုတ်လုပ်မှုဓာတ်ပေါင်းဖိုကို ၂ နှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်ကြည့်ရှုခဲ့ကြတယ်လို့ အီရန်သတင်းမှာ ဖော်ပြလိုက်ပါတယ်။

တဟီရန်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၁၅၀ အကွာရှိ Arak ရေလေး ထုတ်လုပ်မှုဓာတ်ပေါင်းဖိုကို IAEA စစ်ဆေးရေးမှူးတွေ သွားရောက် စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အီရန်နိုင်ငံနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတန်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမဏီနိုင်ငံတို့အကြား ယာယီသဘောတူညီမှုအရ အခုလို စစ်ဆေးရေးမှူးတွေကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

အီရန်အနေနဲ့ နျူကလီယားအစီအစဉ်ကို အကန့်အသတ်နဲ့ လည်ပတ်ရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတချို့ကို ဖြေလျှော့ပေးတာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေနဲ့ နျူကလီယားကန့်သတ်ရေးသဘောတူညီမှုဟာ နိုင်ငံရဲ့ စီးပွားရေးကို အပြုသဘော အကျိုးသက်ရောက်နေပြီလို့ သမ္မတ ဟာဆန် ရူဟာနီက တနင်္ဂနွေနေ့က လွှတ်တော်ကို တင်ပြလိုက်ပါတယ်။
XS
SM
MD
LG