ဒီရက်ပိုင်းမှာ သက်တမ်းကုန်ဆုံးသွားတဲ့ ဆီးရီးယားက ကုလသမဂ္ဂရဲ့ စောင့်ကြည့်လေ့လာရေး တာဝန်ကို နောက်ထပ်ရက်ပေါင်း ၃၀ တိုးမြှင့်သတ်မှတ်ဖို့ ဇူလိုင်လ ၂၀ ရက်နေ့က လုံခြုံရေးကောင်စီ မှာ ကန့်ကွက်သူမရှိ မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ကြပါတယ်။
ဒါပေမဲ့ ဆီးရီးယားက သွေးထွက်သံယို အကြမ်းဘက်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းသွားအောင် ဖြေရှင်းရေးမှာတော့ လုံခြုံရေးကောင်စီမှာ သဘောထားနှစ်ခု ကွဲပြားနေပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆဒ် (Bashar al-Assad) ကိုဖယ်ရှားဖို့နဲ့ ဆီးရီးယားအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်ဖို့ သဘောထားရှိနေပြီးတော့ ရုရှနဲ့ တရုတ်တို့က ဒါကို ဆန့်ကျင်ပါတယ်။
လူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရပြီဖြစ်တဲ့ ၁၆ လကြာ ဒီတိုက်ခိုက်မှုတွေ အဆုံးသတ်သွားရေးအတွက် ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ ချုပ်တို့ရဲ့ အထူးသံတမန် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ကိုဖီ အန်နန်ရဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် ကုလသမဂ္ဂရဲ့ လက်နက်မဲ့ စစ်ပွဲ လေ့လာစောင့် ကြည့်သူ ၃၀၀ ကို ဆီးရီးယားမှာ ဖြန့်ချထားခဲ့တာပါ။
ဒါပေမဲ့လည်း ဒီစောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ အလုပ်မဖြစ်ဘူးလို့ အများရဲ့ ရှုမြင်ခံနေရတာ ဖြစ်ပါတယ်။ အခုလို စောင့်ကြည့်လေ့လာရေးကာလ သက်တမ်းတိုးတဲ့ ဆုံးဖြတ်ချက်ထဲမှာ ဒီ စောင့်ကြည့်လေ့လာရေး တပ်ဖွဲ့ဝင်တွေ လုံခြုံစိတ်ချစွာ ရုပ်သိမ်းရေးလည်းပါဝင်တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဆန် ရိုက်စ် (Susan Rice) က ဆိုပါတယ်။