သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား လက်နက်စမ်းသပ်မှု စွန့်လွှတ်ဖို့ ကုလမျှော်လင့်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မစ်ဇိုင်းဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို စွန့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။ စတာလင်ဝါဒကျင့်သုံး တဲ့ မြောက်ကိုရီးယားနိုင်ငံက စနေနေ့တုန်းက တာတိုပစ် ဒုံးပျံသုံးစင်းကို ပင်လယ်အတွင်းပစ်လွှတ်ခဲ့ပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာပါ။

ပြုံယမ်းအစိုရအနေနဲ့ နောက်ထပ် ဒုံးပျံပစ်လွှတ်တာမျိုးမလုပ်ဖို့နဲ့ ရပ်ဆိုင်းနေတဲ့ နျူကလီးယားအရေး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ နဲ့ ဆွေးနွေးမှုတွေကို ပြန်စတင်ဖို့ ရုရှားနိုင်ငံမှာရောက်ရှိနေတဲ့ မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ ရုရှားသမ္မတ ဗလက်ဒီမီယာ ပူတင်နဲ့ ဆီးရီးယားအရေး ဆွေးနွေးဖို့အတွက် ပင်လယ်နက် အတွင်းမှာရှိတဲ့ အပမ်းဖြေစခန်းမြို့ဖြစ်တဲ့ ဆိုချီမြို့ကို ရောက်ရှိနေတာပါ။

မြောက်ကိုရီးယားနိုင်ငံဟာ စနေနေ့မနက်ပိုင်းမှာ ဂျပန်ပင်လယ်လို့ သိကြတဲ့ အရှေ့ပင်လယ်အတွင်းကို တာတိုပစ် ဒုံးပျံ ၂ စင်းပစ်လွှတ်ခဲ့ပြီး စနေနေ့ နေ့လည်ပိုင်းမှာ နောက်ထပ်တစင်း ထပ်မံပစ်လွှတ်ခဲ့တယ် လို့ တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။ မြောက်ကိုရီးယားက ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို ပစ်ခတ်တာဖြစ်ကြောင်း မသိရသေးကြောင်းနဲ့ ခြိမ်းခြောက်တဲ့ အနေနဲ့ လုပ်ဆောင်တာဟုတ်မဟုတ်ကို တောင်ကိုရီးယားက အနီးကပ်စောင့်ကြည့်နေကြောင်း၊ တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူကပြောပါတယ်။
XS
SM
MD
LG