သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးသံ မြောက်ကိုရီးယားဖိတ်


မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး စုံစမ်းစစ်ဆေးရေးမှူး Marzuki Darusman
မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး စုံစမ်းစစ်ဆေးရေးမှူး Marzuki Darusman

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေ လာရောက်စုံစမ်းခွင့်ပေးမယ်ဆိုပြီး မြောက်ကို ရီးယားဘက်က ကမ်းလှမ်းထားတဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေက ပြောပါ တယ်။

မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး စုံစမ်းစစ်ဆေးရေးမှူး Marzuki Darusman နဲ့ မြောက်ကိုရီးယား အရာရှိတွေ တွေ့ဆုံဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယားဘက်က အခုလို ကမ်းလှမ်းခဲ့တာပါ။

ဒီအပတ်ကုန်ပိုင်းမှာ Mr. Darusman အနေနဲ့ မြောက်ကိုရီးယားနဲ့ ပတ်သတ်တဲ့ အစီရင်ခံစာတခုကို ထုတ်ပြန်ဖို့ရှိနေပြီး ဒီအစီရင်ခံစာထဲမှာ မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေတွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေ နဲ့ မြောက်ကိုရီးယားကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ကို လွှဲပြောင်းပေးဖို့ အကြံပြုထားပါတယ်။

အခုလို အကြံပြုချက်နဲ့ ပတ်သတ်ပြီး ရုပ်သိမ်းပေးဖို့ မြောက်ကိုရီးယားဘက် က တောင်းဆိုထားတယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးအနေနဲ့ လာရောက်လည်ပတ်ဖို့ ကမ်းလှမ်းထားတာနဲ့ ပတ်သတ်ပြီး ချိတ်ဆက်မှု ရှိတယ်ဆိုတာမျိုးကိုတော့ ပြောဆို မထားပါဘူး။

မြောက်ကိုရီးယားအရေးနဲ့ ပတ်သတ်လို့ နိုဝင်ဘာလနှောင်းပိုင်းမှာ ကုလလုံခြုံရေးကောင်စီအနေနဲ့ မဲခွဲဆုံးဖြတ်ဖို့ရှိနေပြီး မြောက်ကိုရီးယားရဲ့ မဟာမိတ် တရုတ်နိုင်ငံကတော့ ဒီလို ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်သွားမယ်ဆိုပြီး အရိပ်အမြွက် ပြောကြားထားပါတယ်။

XS
SM
MD
LG