သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး လက်နက်ကုန်သွယ်မှု ထိန်းချုပ်ရေးစာချုပ် ကုလအတည်ပြု


အပြည်ပြည်ဆိုင်ရာ လက်နက်ကုန်သွယ်မှု ထိန်းချုပ်ရေး ပထမဆုံး သဘောတူ စာချုပ် ကုလသမဂ္ဂ အတည်ပြုခဲ့ ( ၂ ဧပြီ ၂၀၁၃)
အပြည်ပြည်ဆိုင်ရာ လက်နက်ကုန်သွယ်မှု ထိန်းချုပ်ရေး ပထမဆုံး သဘောတူ စာချုပ် ကုလသမဂ္ဂ အတည်ပြုခဲ့ ( ၂ ဧပြီ ၂၀၁၃)
ကမ္ဘာ့နေရာအန့ှံမှာရှိတဲ့ အကြမ်းဖက်သမားတွေ၊ စစ်ရာဇဝတ်ကောင်တွေဆီကို လက်နက်ပစ္စည်းတွေ မရောက်ရှိအောင် တားမြစ်ဖို့ ရည်မှန်းတဲ့ အပြည်ပြည်ဆိုင်ရာ လက်နက်ကုန်သွယ်မှု ထိန်းချုပ်ရေး ပထမဆုံး သဘောတူ စာချုပ်စာတမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ တခဲနက်တည်း အတည်ပြုလိုက်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၅၄ နိုင်ငံက ဒီသဘာတူညီချက်ကို မဲပေးခဲ့ပါတယ်။ အီရန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယား နိုင်ငံတွေကတော့ ကန့်ကွက်မဲပေးပြီး၊ နိုင်ငံပေါင်း ၂၃ နိုင်ငံကတော့ ကြားနေခဲ့ပါတယ်။

ဒီသဘောတူညီချက်ကို လိုက်နာမယ်ဆိုပြီး နိုင်ငံပေါင်း ၅၀ က လက်မှတ်ထိုးလိုက်ပြီ ဆိုတာနဲ့ ဒီသဘောတူညီချက်ဟာ တရားဝင် ဖြစ်လာမှာပါ။ စာချုပ်ပါအတိုင်းဆိုရင်တော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ် မှုတွေမှာ ပါဝင်ပတ်သက်သူလို့ သင်္ကာမကင်း ဖြစ်ခံရသူတွေကို စစ်မြေပြင်သုံး လက်နက်ထုတ်လုပ်သူတွေအနေနဲ့ ဒီလက်နက်တွေ တိုက်ရိုက် ရောင်းချတာမျိုး တားမြစ်ထားပါတယ်။

ဒီသဘောတူညီချက်ဟာ ပြင်းထန် ထိရောက်ပြီး အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။

လက်နက်ပစ္စည်း တရားဝင် ကုန်သွယ်ရောင်းချနိုင်ဖို့ တိုင်းပြည်အတွက် အခွင့်အရေးကို လည်း အကာအကွယ် ပေးထားတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG