နိုင်ငံတကာ

မြောက်ကိုရီးယား လူ့အခွင့်အရေး ချိုးဖောက်မှု စုံစမ်းဖို့ ကုလအကြံပေး

မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Marzuki Darusmanမြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Marzuki Darusman
x
မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Marzuki Darusman
မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Marzuki Darusman

မီဒီယာ

အသံ
မြောက်ကိုရီးယားနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်က အကြံပြုလိုက်ပါတယ်။
 
ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်ဖွယ်ရှိတယ်လို့ သူက ပြောပါတယ်။
 
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စုံစမ်းရေးအဖွဲ့အနေနဲ့ ကမ္ဘာမှာ လူအခွင့်အရေး ချိုးဖောက်မှု အဆိုးဆုံးဖြစ်မယ်လို့ တွက်ဆရ တဲ့ မြောက်ကိုရီးယားနိုင်ငံကို ဖိအားပေးဖို့ လူ့အခွင့်အရေး ကိုယ်စားလှယ် မာဇူကီ ဒါရတ်စ်မန်း (Marzuki Darusman) က လူ့အခွင့်အရေး ကောင်စီကို တနင်္လာနေ့က တင်သွင်း အကြံပြုခဲ့တာ ဖြစ်ပါတယ်။
 
မြောက်ကိုရီးယားနိုင်ငံမှာ ကင်ဂျုံအီး ကွယ်လွန်ပြီးနောက် သားဖြစ်သူ ကင်ဂျုံအွမ်း လက်ထက်မှာ အခြေအနေတွေဟာ ပိုပြီး ဆိုးရွားလာတယ်လို့ အင်ဒိုနီးရှားရှေ့နေဖြစ်သူ ဒါရတ်စ်မန်း က ပြော ပါတယ်။
 
အစီရင်ခံစာထဲမှာတော့ လူသတ်မှု၊ လူတွေကို ကျေးကျွန်ပြုမှု၊ ထောင်သွင်း အကျဉ်းချမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဘာသာရေးနဲ့ နိုင်ငံအရေးရ ဖိနှိပ်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်ကျကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ထားတယ်လို့ ဖော်ပြပါတယ်။ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ပြီး၊ ဒါတွေဟာ သူတို့ အစိုးရကို ဆန့်ကျင်တဲ့ အနောက်နိုင်ငံတွေ ဦးဆောင်တဲ့ လုပ်ကြံ ဖန်တီးမှုတွေသာ ဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
 
ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ ထားဖို့ဆိုတဲ့ နေရာမှာတော့ မြောက်ကိုရီးယားရဲ့ အစဉ်အလာ မဟာမိတ်တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကြောင့် ခက်ခဲမယ့် သဘောတော့ ရှိပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံ တို့ကတော့ နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ ဖွဲ့ဆိုတာကို ထောက်ခံကြောင်း ပြောထားပြီးပါပြီ။

တနင်္ဂနွေနေ့ တီဗွီမဂ္ဂဇင်း (၀၃-၂၉-၂၀၁၅)

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
နေ့စဉ် တီဗွီသတင်းလွှာi
X
29.03.2015 12:30
ဗွီအိုအေ မြန်မာ နေ့စဉ် တီဗွီသတင်းလွှာ အပါအဝင် ဗွီအိုအေ-အာရှ ရုပ်မြင်သံကြား အစီအစဉ်တွေကို Asia Sat 7 ဂြိုဟ်တုကနေ နေ့စဉ် (၂၄) နာရီပတ်လုံး ထုတ်လွှင့်ပေးနေပါတယ်။ နေ့စဉ် မနက် (၇) နာရီခွဲတိုင်းမှာ မြန်မာပိုင်းအစီအစဉ်သစ်ကို တင်ဆက်ပေးပြီးတော့ နောက်နေ့မနက် အစီအစဉ်သစ် မပြောင်းခင်အထိ အကြိမ်ကြိမ်ထပ်မံ ထုတ်လွှင့်ပေးနေပါတယ်။ နေ့စဉ် တီဗွီသတင်းလွှာ အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံ၊ စာပေဂီတ သတင်းဆောင်းပါးများကို တင်ဆက်ပေးထားပါတယ်။

မြန်မာတခွင် - ဟိန္ဒူဘာသာဝင်တွေ မင်္ဂလာဆောင် ကျင်းပပုံအကြောင်း။ လူထုနဲ့ ကျန်းမာရေး - ခရမ်းလွန်ရောင်ခြည် အန္တရာယ်အကြောင်း သိကောင်းစရာ။ ကမ္ဘာတလွှား ခရီးသွား - ဖိလစ်ပိုင်နိုင်ငံရှိ သုံးဖက်မြင် (3D) ပြတိုက်သို့ အလည်တခေါက်။ ထူးဆန်းထွေလာ သတင်းများ။ မတူတာလေးတွေ - အရက်ဆိုင်၊ ဘီယာဆိုင်တွေအပေါ် မတူတဲ့အမြင်တွေ ...

မိုဘိုင်းလ် App များကို အခမဲ့ ဒေါင်းလုတ် ရယူပါ

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ကမ္ဘာ့သတင်း စက္ကန့် ၆၀i
X
27.03.2015 19:30