သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ဦးစားပေးဖို့ အစိုးရသစ်ကို Yanghee Lee တိုက်တွန်း။


 မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee။
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee။

မြန်မာနိုင်ငံဟာ မကြာသေးခင်နှစ်တွေနဲ့ ယှဉ်ရင် အတော်ကိုပြောင်းလဲ လာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာနေပေမဲ့ နက်နက်ရှိုင်းရှိုင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာပြဿနာတွေကိုတော့ အရေးတကြီးပဲ ဖြေရှင်းဖို့ လိုနေသေးတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee ကသတိပေးပါတယ်။

၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အပြောင်းအလဲကာလလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ ဒုတိယ အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးပြဿနာတွေနဲ့ ပါတ်သက်ပြီး ပြည်သူတွေရဲ့ တင်ပြချက်တွေကို အစိုးရသစ်အဖွဲ့က ခိုင်ခိုင်မာမာလုပ်ဆောင်ဖို့လည်း မစ္စ Yanghee Lee က တိုက်တွန်းထားပါတယ်။

ဒါပေမဲ့လည်း လွှတ်တော်ထဲမှာ အမတ်နေရာ (၂၅%)ကို စစ်တပ်က ရယူထားတာမို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ မလွယ်လှသလို လက်ရှိဖွဲ့စည်းပုံ အနေအထားအရ အစိုးရသစ်အနေနဲ့ ကိုင်တွယ်လုပ်ဆောင်ရာမှာ ခက်ခဲမှုတော့ရှိနိုင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးအခြေအနေတိုးတက်စေဖို့အတွက် လိုအပ်တဲ့ အဓိကဌာနကြီးတွေဖြစ်တဲ့ ပြည်ထဲရေး၊ နယ်စပ်ရေးရာနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကြီး (၃)ခုအတွက် တာဝန်ယူမယ့်ဝန်ကြီးတွေကို စစ်ဦးစီးချုပ်က ခန့်အပ်ရမှာ ဖြစ်နေတယ်လို့ပြောပါတယ်။

လက်ရှိသမ္မတ ဦးသိန်းစိန်အနေနဲ့လည်း သူ့တာဝန်တွေ လွဲှပြောင်း မပေးခင်မှာ မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ဒီအထဲမှာ ကျောင်းသားတွေ၊ မြေယာသိမ်းဆည်းမှုအတွက် တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ရှေ့နေတွေ၊ လှုပ်ရှားသူတွေပါဝင်ပြီး သူတို့အပေါ် စွဲချက်တင်ထားတာတွေ အားလုံးကို ဖယ်ရှားပေးဖို့ပါ တာင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG