သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးအရေးဆွေးနွေးဖို့ အာရှခေါင်းဆောင်တွေကို ကုလတိုက်တွန်း


အင်ဒိုနီးရှားကို စက်လှေတွေနဲ့ရောက်လာသူတွေကို ကွာလာ လန်ဂ်ဆာက ယာယီခိုလှုံရာနေရာတွေမှာ ဆေးကုသမှုပေးထးစဉ်။ (မေ ၁၆၊ ၂၀၁၅)
အင်ဒိုနီးရှားကို စက်လှေတွေနဲ့ရောက်လာသူတွေကို ကွာလာ လန်ဂ်ဆာက ယာယီခိုလှုံရာနေရာတွေမှာ ဆေးကုသမှုပေးထးစဉ်။ (မေ ၁၆၊ ၂၀၁၅)

ကပ္ပလီပင်လယ်နဲ့ မလက္ကာရေလက်ကြားမှာ စက်လှေတွေနဲ့ မျောနေကြတဲ့ နိုင်ငံပြောင်းလာသူတွေနဲ့ ဒုက္ခသည်အရေးအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ စိုးရိမ်မှု ပိုပြီးတိုးလာနေတယ်လို့ ကုလသမဂ္ဂက ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒီလှေစီးပြေးတွေအရေးနဲ့ ပတ်သက်လို့ မလေးရှားဝန်ကြီးချုပ်အပါအဝင် ထိုင်း၊ Bangladesh နဲ့ Indonesia က တာဝန်ရှိသူတွေကို အခုရက်ပိုင်းအတွင်းမှာပဲ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။

ဒေသတွင်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေအတွင်း နိုင်ငံတကာ ဥပဒေအရ ကယ်တင်ဖို့ လိုအပ်တယ်ဆိုတာကို အတွင်းရေးမှူးချုပ်က ထပ်လောင်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရွှေ့ပြောင်းလာသူတွေ အမြန်ဆုံး ကမ်းကပ်နိုင်ဖို့နဲ့ ပင်လယ်ထဲမှာ ဒုက္ခရောက်နေသူတွေကို ကယ်တင်ရမဲ့ တာဝန်အတိုင်း ဆောင်ရွက်ဖို့လည်း
အာရှခေါင်းဆောင်တွေကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံပြောင်းလာသူတွေ ပြဿနာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ ပြုလုပ်ဖို့ ရှိတဲ့ ဒေသတွင်းဆွေးနွေးပွဲမှာ ပါဝင်ဖို့လည်း ခေါင်းဆောင်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရော ဒုတိယ အတွင်းရေးမှူးချုပ်ကပါ တိုက်တွန်းခဲ့ကြတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ ကုလသမဂ္ဂအနေနဲ့ တတ်နိုင်သမျှကူညီဖို့ အဆင်သင့်ပဲလို့ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း အရှေ့တောင်အာရှ ပင်လယ်ပြင်အတွင်း မျောနေကြတဲ့ လှေစီးပြေးဒုက္ခသည်တွေ ကမ်းကပ်လာမယ့်အရေးကို ဘယ်နိုင်ငံကမှ လက်ခံလိုတဲ့ ဆန္ဒမရှိဘူးဆိုတာ ပေါ်လွင်လာနေတာကြောင့် တဖြည်းဖြည်း နက်ရှိုင်းလာနေတဲ့ ဒီပြဿနာကို အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူးပေါင်း ဖြေရှင်းဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့အစီအစဉ်ကို မလေးရှားက တနင်္ဂနွေနေ့မှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။

လာမယ့် သီတင်းပတ်အတွင်း အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ မတွေ့ဆုံခင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါတယ်။ မလေးရှားနိုင်ငံအတွင်းမှာ ဒုက္ခသည်တွေ အများအပြား ရှိနေပြီးဖြစ်တဲ့အတွက် နောက်ထပ် လက်ခံထားလို့ မရနိုင်တော့ကြောင်း၊ အခုချိန်ထိတော့ ဘယ်နိုင်ငံကမှလည်း သူတို့ကို နေထိုင်ခွင့် ပေးထားလိုတဲ့ ဆန္ဒရှိပုံမရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

XS
SM
MD
LG