သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သောက်သုံးရေသန့် ရရှိရေးပိုအားထုတ်ဖို့ ကုလတိုက်တွန်း


အိန္ဒိယနိုင်ငံ ရေခမ်းခြောက်လာနေသော Sabarmati မြစ်အတွင်က စွန့်ပစ်ပစ္စည်းတွေကို ဆယ်ယူထားသော မြင်ကွင်း။ (မတ်လ ၂၂၊ ၂၀၁၃)
အိန္ဒိယနိုင်ငံ ရေခမ်းခြောက်လာနေသော Sabarmati မြစ်အတွင်က စွန့်ပစ်ပစ္စည်းတွေကို ဆယ်ယူထားသော မြင်ကွင်း။ (မတ်လ ၂၂၊ ၂၀၁၃)
ကမ္ဘာတဝှန်းက ပြည်သူတွေ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး ပူးပေါင်းဆောင်ရွက်သွားကြ ဖို့ သောကြာနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သောက်သုံးရေနေ့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

ကမ္ဘာ့ပြည်သူတွေအနေနဲ့ သန့်စင်တဲ့ရေချို မရဘဲနဲ့ သာယာဝပြောအောင် လုပ်ဖို့ မဖြစ်နိုင်ကြောင်း၊ ဒါ့ကြောင့် သန့်စင်ရေ ရဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ကြဖို့ မစ္စတာ ဘန်ကီမွန်းက တောင်းဆို လိုက်တာ ဖြစ်ပါတယ်။ လာမယ့် ၂၀၃၀ ခုနှစ်ကျရင် ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်ဟာ ရေရှားပါးမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီးတော့ လက်ရှိ ရှိနေတဲ့အခြေအနေထက် ၄၀ % လောက် လိုအပ်နေမှာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

ဒါ့အပြင် ရေချိုအများဆုံး အသုံးပြုတဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဆန်းသစ်တီထွင်မှုတွေ လုပ်ဖို့ လိုအပ်မှာဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှုကလည်း စားနပ်ရိက္ခာထုတ်လုပ်မှုနဲ့ ဖူလုံမှုကို တိုးပြီးတော့ ခြိမ်းခြောက်လာနေတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ ဒါ့အပြင် မိလ္လာစနစ်ကို ထည့်သွင်းမပြောဘဲနဲ့တော့ ပြီးပြည့်စုံမှာ မဟုတ်ဘဲ မိလ္လာစနစ်တွေ ကောင်းမွန်အောင် စီမံတာက ရေရှည်အနာဂတ်အတွက် သုံးစွဲတာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
XS
SM
MD
LG