သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို


Candlelight prayers are prepared for victims of the Malaysia Airlines Flight 17 at a church outside Kuala Lumpur, Malaysia. The jetliner was carrying 298 people when it was shot down over eastern Ukraine on Thursday.
Candlelight prayers are prepared for victims of the Malaysia Airlines Flight 17 at a church outside Kuala Lumpur, Malaysia. The jetliner was carrying 298 people when it was shot down over eastern Ukraine on Thursday.
မြန်မာစစ်တပ်ထဲက ကလေးစစ်သား ၂၄ ဦးကို ပြန်လွှွတ်ပေးလိုက် တဲ့အပေါ် ကုလသမဂ္ဂ က ချီးမွမ်း ကြိုဆိုလိုက်ပါတယ်။

စစ်တပ်တွင်းက ကလေးစစ်သား ၂၄ ဦးကို စိစစ်ပြီး ပြန်လွှတ်ပေးတဲ့ အခမ်းအနားတရပ်ကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး၊ အစိုးရ တာဝန်ရှိသူတွေ၊ စစ်တပ် အရာရှိတွေအပြင် UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံ ကိုယ်စားလှယ်လည်း တတ်ရောက်ခဲ့ပါတယ်။

အဲ့ဒီပွဲကို တတ်ရောက်တဲ့ UNICEF မြန်မာနိုင်ငံ ကိုယ်စားလှယ် ဘတ်ထရန်း ဘိန်းဗဲလ် (Bertrand Bainvel) ကလည်း အဲ့ဒီလွတ်မြောက်လာတဲ့ ကလေးတွေကို စကားပြောပါတယ်။ ဒီကလေးတွေ အနေနဲ့ အမှားအယွင်း မလုပ်ခဲ့ကြကြောင်းနဲ့ မှားယွင်းပြီးတော့ အလုပ်ခံရတာ ဖြစ်ကြောင်း၊ ဒ့ီအတွက် သူတို့ အသက်မပြည့်ခင်မှာ မှားယွင်းအသုံးပြုမိတဲ့ စစ်တပ်ကနေ သူတို့ကို အခု
ပြန်လွှတ်ပေးရတာ ဖြစ်ကြောင်း မစ္စတာ ဘိန်းဗဲလ် က ပြောသွားပါ တယ်။

မြန်မာနိုင်ငံတွင်း ကလေးစစ်သား စုဆောင်းအသုံးပြုမှု အဆုံးသတ်ရေးအတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအကြား ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက သဘောတူညီမှုတွေ ရခဲ့ပြီး၊ အဲ့ဒီ သဘောတူညီမှုရဲ့ အဆက်အနေနဲ့ ဆောင်ရွက်ချက် ဖြစ်တယ်လို့ ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ပါတယ်။

အခုလို ကလေးစစ်သား ၂၄ ဦး ပြန်လွတ်မြောက်လာတာကို ကြည့်ရင် အစိုးရအနေနဲ့ ကလေးတွေကို စစ်တပ်အတွက် စုဆောင်း အသုံးပြုတာမျိုး မဖြစ်သင့်တော့ဘူးဆိုတဲ့ ပိုင်းဖြတ်ချက်ကို ထင်ဟပ်စေ တယ်လို့ ရန်ကုန် ကုလသမဂ္ဂရုံးက ဌာနေကိုယ်စားလှယ် အရွှတ် နီဂမ်း (Ashok Nigam) က ပြောပါတယ်။

စစ်တပ်အပြင် အခြားအစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်တွေမှာ သုံးနေတဲ့ ကလေးတွေ အားလုံး ကိုလည်း အလားတူ ပြန်လွှတ်ပေးရေးအတွက် အရှိန်မြှင့် ဆောင်ရွက်သွားဖို့ အရွှတ် နီဂမ်း (Ashok Nigam) က တိုက်တွန်းသွားပါတယ်။

ကမ္ဘာမှာ ကလေးစစ်သား အသုံးပြုတာကြောင့် အတွင်းရေးမှူးချုပ်အနေနဲ့ စိုးရိမ်ရတဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ မကြာခင်တုန်းက ထုတ်ပြန်ခဲ့တဲ့ Child Soldiers International အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု အဆုံးသတ် ရေးအတွက် မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ဇွန်လအတွင်းက သဘောတူညီမှုတွေ ရခဲ့ပေမဲ့လို့၊ မြန်မာအစိုးရနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေတုန်းပဲလို့ ထောက်ပြထားပါတယ်။
XS
SM
MD
LG