သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစာနာမှု အကြီးအကဲ မြန်မာပြည်သွားမည်


ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Valerie Amos
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Valerie Amos
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Valerie Amos ဟာ လာမယ့် ဒီဇင်ဘာလ ၂ ကနေ ၈ ရက်နေ့အကြား မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ အကြီးအကဲတဦးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Valerie Amos အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်း ဖြစ်ပါတယ်။

လက်ထောက်အထွေထွေအတွင်းရေးမှူး Valerie Amos ဟာ မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အခက်အခဲတွေကို အာဏာပိုင်တွေအနေနဲ့ အခြေခံကျကျ ကိုင်တွယ်ဖြေရှင်းရေးကိစ္စကို အလေးပေး ဆွေးနွေးသွားမှာဖြစ်ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ တည်ငြိမ်မှုရှိရေးကိစ္စတွေကိုလည်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အစိုးရ အရေးပေါ်ကယ်ဆယ်ရေးအရာရှိတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်တဲ့အပြင် ကုလသမဂ္ဂ ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရောက်တဲ့အခါမှာတော့ ဒီဇင်ဘာ ၈ ရက်နေ့မှာ သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
XS
SM
MD
LG