သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေအောက်ဥမင်တူးဖော်ရေး မြို့ပြစီမံကိန်းများ အပိုင်း (၂)


ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာ ၁၉၁၁ ခုနှစ်က ဖောက်ထားသည့် Elbe မြစ်အောက် ဥမင်လှိုင်းခေါင်းအတွင်း မာရသွန်ပြေးပွဲ ယှဉ်ပြိုင်နေကြစဉ်။
ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာ ၁၉၁၁ ခုနှစ်က ဖောက်ထားသည့် Elbe မြစ်အောက် ဥမင်လှိုင်းခေါင်းအတွင်း မာရသွန်ပြေးပွဲ ယှဉ်ပြိုင်နေကြစဉ်။
လူဦးရေ တိုးလာနေတဲ့ မြန်မာနိုင်ငံ မြို့ကြီးတွေမှာ မြေအောက်လှိုင်ခေါင်းတွေ တူးဖေါ်မယ် ဆိုရင် ဘာတွေ သတိထားရမယ် ဆိုတာကို စင်္ကာပူ မြန်မာ ဘူမိဗေဒ အသင်း ဥက္ကဌဖြစ်တဲ့ စင်္ကာပူမြေအောက် ဥမင်လှိုင်ခေါင်းတူးဖေါ်ရေး ဆိုင်ရာ လေ့လာနေတဲ့ ဘူမိဗေဒ ပညာရှင် ဦးကာဝင်းက အိမ်နီးချင်း နိုင်ငံတွေက အနေအထားတွေနဲ့ နှိုင်းယှဉ်ပြီး ပြောပြပေးမှာပါ။

ရန်ကုန်မြို့က အဆောက်အဦးတွေ တော်တော် များများက အိုနေပြီ၊ အောက်က ဖေါင်ဒေးရှင်းတွေက ကောင်းကောင်းမွန်မွန် ရှိချင်မှ ရှိမယ်။ အဲဒီတော့ အဲဒီလိုနေရာမျိုးတွေမှာ ဒီ tunnel boring (မြေအောက်လှိုင်ခေါင်းတွေ တူးဖေါ်မယ်) ဆိုရင် တော်တော်ကြီးကို သတိထားပြီးတော့ ပါတ်ဝန်းကျင်က အဆောက်အဦးတွေ ပြိုမကျအောင်၊ မလိုအပ်တဲ့ ဖြစ်ရပ်တွေ မဖြစ်အောင်
တော်တော် များများ ကြီးကို ကာကွယ်ရမယ်။ အဲဒီလို ကာကွယ်ဖို့အတွက် မြေအောက် ကျောက်သားတွေနဲ့ မြေအောက် မြေသား rock တွေနဲ့ soil တွေရဲ့ အခြေအနေကို အဓိကထား လေ့လာဖို့ တော်တော်လိုအပ်ပါတယ်။

မေး။ ။ စင်္ကာပူလိုနေရာမျိုး ကျွန်းကလေးမှာ အောက်က မြေကို တော်တော်လေးကို တူးထားတာတွေ့ရပါတယ်။ အဲဒီက မြေအောက်အနေထားက မြန်မာနိုင်ငံက ရန်ကုန်မြို့ တည်ထားတဲ့ မြေအနေအထားနဲ့ အခြေအနေ တူမတူ၊ နောက် ထိုင်းနိုင်ငံ ဘန်ကောက်လို နေရာမျိုးနဲ့ တူမတူ။ ယှဉ်ပြီး ပြောပြပေးပါ။

ဖြေ။ ။ စင်္ကာပူဆိုလို့ ရှိရင် ကျွန်းနိုင်ငံလေး။ ပင်လယ်ရေ ပါတ်လည် ဝိုင်းနေတယ်။ ရန်ကုန်မြို့ကတော့ ပင်လယ်ဝနဲ့ သိပ်မဝေးဘူး။ ဘန်ကောက်ကလည်း ပင်လယ်နဲ့ သိပ်မဝေးဘူး။ ဒီမြို့ကြီး သုံးမြို့မှာ အောက်ခံ မြေသားတွေက တော်တော်များများ ကတော့ သိပ်ပြီးတော့ မမာလှဘူး။ ဆိုလိုတာက သူတို့မှာ အောက်ခံကျောက်မာ ရှိတဲ့ နေရာက rock head level က နဲနဲ နက်တယ်ပေါ့။ နောက် ရထားလမ်းတို့ ကားလမ်းတို့က လူအများ သုံးမှာမို့ သိပ်ပြီး အနက်ကြီး မဆောက်ကြဘူး။ မီတာ ၂၀- ၃၀ လောက်မှာပဲ ဆောက်ကြတယ် ပေါ့လေ။ အဲဒီတော့ မြန်မာပြည်က ရန်ကုန်မြို့ရယ်၊ စင်္ကာပူရယ်၊ ဘန်ကောက်မြို့တွေ မှာ ဆိုရင် soil ထဲမှာပဲ မြေအောက်ဥမင် လှိုင်တွေ တူးဖို့ များတယ်။
အဲဒီလို soil ထဲမှာ tunnel တူးမယ် ဆိုရင် သိပ်မခက်ဘူး။ တူးရတာတော့ လွယ်တယ်။ ဒါပေမယ့် ပါတ်ဝန်းကျင်က အဆောက်အဦးတွေကို ကာကွယ်ဖို့ ထိမ်းသိမ်းဖို့ကျတော့ တော်တော်ကြီးကို အဓိက ထားပြီးတော့ လုပ်ရလိမ့်မယ်။

မေး။ ။ အဲဒီလိုမျိုး တူးမယ် ဆိုလို့ ရှိရင် ရန်ကုန်မြို့ လို နေရာမှာ သူ့အတွက် အဓိက သတိထားရမှာက အဆောက်အဦးတွေက ဟောင်းလို့ ပေါ့ နော်။ အဲဒါဆို ဘန်ကောက်ကျတော့ ရော။ ဘန်ကောက်မှာလည်း အဲဒီလို အိုဟောင်းတဲ့ အဆောက်အဦးတွေ ရှိတာပဲ။ ဘန်ကောက်က အခြေအနေနဲ့ရော ရန်ကုန်က ဘာကွာနေလဲ။

ဖြေ။ ။ ဘန်ကောက်က မြေအောက်လမ်းကြောင်းတွေက အဓိက သူတို့ရဲ့ မြို့လယ် central business district area မှာပဲ မြေအောက် မီးရထား လမ်းတွေက ရှိတာ များတယ်။ အဲဒီမှာရှိတဲ့ အဆောက်အဦးတွေ ကျတော့လဲ နောက်ပိုင်းဆောက်ထားတဲ့ အဆောက်အဦးတွေက များတယ်။ နောက် သူတို့က ဖေါင်ဒေးရှင်း ကျကျနနနဲ့ ဆောက်ထားတဲ့ အဆောက်အဦးတွေ ဆိုတော့ သူတို့တွေ အတွက်က ကြိုတင် ကာကွယ်ထားတာတွေ တော်တော်ကြီးကို များတယ်။ နောက်ပြီး အဆောက်အဦးအဟောင်းတွေ အောက်ကနေ သွားတာမရှိဘူး။

မေး။ ။ ရန်ကုန်ကျတော့ရော။

ဖြေ။ ။ ရန်ကုန်အတွက်ကျတော့၊ အခုလမ်းကြောင်းက ဘယ်နေရာတူးမယ် ဆိုတာ အတိအကျ မသိရသေးဘူး။ ဥပမာ ဆိုရင် ဆူးလေ ဘုရားလမ်း တလျောက် ဖြစ်မလား။ ဗိုလ်ချုပ်အောင်ဆန်းလမ်း တလျောက်ဖြစ်မလား။ အဲဒါဆို တချို့နေရာတွေကျ အဆောက်အဦးတွေကလည်း ဟောင်းတယ်။ ဟို ရှေးနှစ်ပေါင်း များစွာက ဆောက်ထားတာဆိုတော့ ဖေါင်ဒေးရှင်းတွေက သိပ်ပြီးတော့ နက်နက်ကြီး တူးထားမှာလည်း မဟုတ်ဖူးဆိုတော့ အဲဒါတွေကလည်း တော်တော်ကြီးကို ကာကွယ်ရလိမ့်မယ်။ အဆောက်အဦးတွေအတွက်။

မေး။ ။ အရင်အင်္ဂလိပ်ခေတ်က ဆောက်တဲ့ အဆောက်အဦးတွေက တော်တော်လေးကောင်း တယ်လို့ ပြောကြတာတွေ ရှိတယ်။နောက်တိုးချဲ့ တာ မဟုတ်ဖူး ပေါ့နော်။ အထူးသဖြင့် မြို့လယ်ရပ်ကွက် central district မှာ အခုထက်ထိတောင် ရေနုတ်မြောင်းတွေ ဘာတွေ sewage line လိုင်း တွေက တော်တော်လေးကိုကောင်းတယ်လို့ပြောတယ်။ ဆိုတော့ အဲဒီအောက်မှာ တူးတယ်ဆိုရင်ကော။

ဖြေ။ ။ ဖေါင်ဒေးရှင်းကောင်းရုံတင် မကဘူး။ ဒီအဆောက် အဦးတွေက ဘယ်လောက်ကြာနေပြီလဲ။ ဒီအဆောက်အဦးတွေကို ဆောက်လုပ်ထားတဲ့ စံနစ်က ဘယ်လိုရှိလဲ ဆိုတာတွေ ကိုပါ ကြည့်ဖို့ လိုပါတယ်။ ဥပမာ စင်္ကာပူလိုမျိုး ဆိုရင် အခုလို tunneling တွေ မြေအောက်ကနေ သွားမယ် ဆိုရင် ဆောက်လုပ်ရေး ကုမဏီတွေက သူ့ လမ်းကြောင်းတလျှောက်မှာ ရှိတဲ့ အဆောက်အဦးတွေရဲ့ အဆောက်အဦးဆောက်လုပ်မယ့် ပုံစံ (building plan) တို့ အောက်ခံ အခြေတည်မယ့် အနေအထားတွေအတွက် အစီအစဉ်ပုံစံ (foundation plan) တို့ ကို အစိုးရဆီမှာ ဝယ်ရတယ်။ မြေပုံတွေကို ဝယ်ပြီးတော့ သူက ကြိုတင်ပြီးလေ့လာရတယ်။ သူတို့ ဘက်ကနေ အမှားအယွင်း မရှိအောင် ကြိုလုပ်ထားရတယ်။
အဲဒီတော့ ရန်ကုန်မြို့မှာလည်း အဲဒီလို လုပ်မယ် ဆိုရင် ဒီ အဆောက်အဦးတွေ၊ ရေနုတ်မြောင်းတွေရဲ့ ဒီဇိုင်းတို့၊ ဘယ်အနက်မှာ တူးမယ် တို့ကို အဲဒီ ဒီဇိုင်းတွေ ကို ရဖို့ အတွက် ဆောက်လုပ်ရေး (construction) ကုမဏီတွေကနေ ရှာပြီးတော့ ကြိုတင် လေ့လာထားဖို့ လိုလိမ့်မယ်။

ရထားလမ်း လိုမျိုး ဖေါက်တဲ့နေရာမှာ အောက်မှာ လှုပ်ရှားတဲ့ ရထားရဲ့ အရှိန်ရိုက်ခတ်မှုကလည်း အပေါ်ကို တက်လာနိုင်တော့၊ ဒါနဲ့ ပါတ်သက်ပြီး ဘာတွေ ကြိုတင်ပြင်ဆင်တာတွေ လုပ်ရပါလဲ။

ဒါက ရှေ့ပိုင်းမှာ ပြောခဲ့သလို ဒီ အစိုးရ ဝန်ကြီးဌာနကနေ preliminary site investigation လုပ်ငန်းတွေ လုပ်ပြီးပြီ ဆိုရင် သူက consultant company တွေ ငှါးပြီး အဲဒီ ကုမဏီတွေကမှ feasibility study လုပ်တဲ့အခါမှာ ပါတ်ဝန်းကျင်ကို effect သက်ရောက်မှု မဖြစ်အောင် သူက vibration တုန်ခါမှုပေါ့။ သူက အဲဒါတွေကို အကုန်လုံးထည့်ပြီး စဉ်းစားရတယ်။ ဘယ် အနက်လောက်မှာ၊ ဘယ် မြေအမျိုးစားမှာ လှိုင်ခေါင်းတွေတူးမယ်။ တူးပြီးရင်လည်း သူက လှိုင်ခေါင်းမှာက protection ring တွေ၊ ဟိုရေတွင်းတူးပြီးရင် ရေတွင်းမှာ အုတ်ဘောင်တွေ ခတ်သလိုပေါ့။ ရေတွင်းအုတ်ဘောင်ကတော့ vertically သွားတာပေါ့။ tunnel ကျတော့ သူက သူက horizontal ပေါ့။ သူက ရေပြင်ညီအတိုင်း ဘောင်ကြီးတွေ ကွန်ကရစ် အထူကြီးတွေနဲ့ သူက protection ring တွေ ထားရတဲ့ အတွက်ကြောင့် ဒီ တုန်ခါမှုနဲ့ အပေါ်ကို ဆိုးကျိုး သက်ရောက်မှုကတော့ တော်တော်ကြီးကို နဲပါတယ်။

တကယ်လို့များ ငလျင်တွေ ဘာတွေ လှုပ်မယ် ဆိုရင်ကော

များသောအားဖြင့် သူတို့က tunnel ကို ဒီဇိုင်းလုပ်တဲ့ နေရာမှာ ငလျင် factor ကို သူက ထည့်ပြီးတော့ စဉ်းစား ပြီးသွားပြီ။ ဒီ့အတွက်တော့ သူက ပူစရာ မလိုဘူး။

စင်္ကာပူမှာရော အခု လက်ရှိ မြေအောက်ရထား လမ်းတွေ ကားလမ်းတွေ လုပ်ထားတာရဲ့ အခြေနေကရော ဘယ်လို ရှိလဲ

စင်္ကာပူမှာကတော့ မီးရထားလမ်းတွေကတော့ တိုးချဲ့ပြီးရင်း တိုးချဲ့ နေတာပဲ။ စင်္ကာပူရဲ့ LDA ရဲ့ master plan အရ ဆိုရင် သူက နောက်ထပ့် မီးရထားလမ်းတွေကို သက္ကရာဇ် ၂၀၂၄- ၂၅ လောက်အထိ ဆက်ပြီးတော့ ဆောက်ဖို့ အတွက် သူတို့မှာ plan တွေက ရှိတယ်။ အခု လောလောဆည် လည်း အဓိက လိုင်းကြီး ၂ လိုင်းပေါ့လေ။ downtown လိုင်း ၂ နဲ့ ၃ ဆိုရင်လည်း အကြီးကြီးပဲ သူတို့ ဆောက်နေကြတယ်။ ဒါက မီးရထားလမ်းပေါ့လေ။ ကားလမ်းအနေနဲ့ ဆိုလို့ ရှိရင်လည်း Marina Coastal Express Way လို့ခေါ်တာပေါ့။ အဲဒီ MCE ပရောဂျက် ဆိုတာကလည်း ဆောက်နေတယ်။ သူကပြီးခါနီးနေပြီ။ အဲဒါက မြေအောက် ကားလမ်း ကြီးပေါ့။ နောက်တခုက ရပ်ကွက်တွေနဲ့ စက်မှုဇုံတွေ အတွက် power supply ပါဝါပေးဖို့ ဆိုပြီးတော့လည်း စင်္ကာပူရဲ့ public utility board ကနေလည်း ဒီ ပါဝါတွေ ဖြန့်ဖြူးပေးဖို့ အတွက် ကီလိုမီတာ ၄၀ လောက် ရှည်တဲ့ tunnel ကြီ ၂ ခုကို ချမယ် ဆိုပြီးတော့၊ စင်္ကာပူမှာ ကတော့ ဒီ လှိုင်ခေါင်းတူးဖေါ်တဲ့ လုပ်ငန်းတွေကတော့ တော်တော် များများလည်း ဆက်လုပ်နေတယ်။ ရှေ့လည်း လုပ်စရာတွေ အများကြီးလည်း ရှိပါသေးတယ်။

မြန်မာနိုင်ငံမှာ အခုလိုမျိုး မြေအောက် ရထားလိုင်းတွေ လုပ်မယ် ဆိုရင် ဘယ်ဟာကို အဓိက ဦးစားပေးပြီးတော့ စဉ်းစားဖို့ သင့်တယ် ထင်ပါလဲ

အဓိက ကတော့ စောစောက ပြောသလိုပေါ့။ မြေပေါ်မှာ ရှိတဲ့ အဆောက်အဦးတွေကို အန္တရာယ် နဲနိုင်သမျှ နဲအောင် လမ်းအူကြောင်း တွေကို ရွေးရမယ်။ မြေ ဆိုက် စစ်ဆေး စမ်းသပ်တာ site investigation ကိုလုပ်ရမယ်။ တကယ် အတွေ့အကြုံ ရှိတဲ့၊ လုပ်လည်း လုပ်ဖူးတဲ့ reputation ကောင်းတဲ့ company တွေကို ကန်ထရိုက် award လုပ်ပြီးတော့ တကယ် တတ်သိကျွမ်းကျင်တဲ့ နားလည်တဲ့ ပညာရှင်တွေကို ထည့်ပြီးတော့ သုံးဖို့ လိုတယ်။

ဦးကာဝင်းရဲ့ ပြောကြားချက်နဲ့ပဲ ဒီတပါတ်အတွက် ကဏ္ဍကို ရပ်နားလိုက်ပါရစေ
XS
SM
MD
LG