သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားသဘာဝဘေးသင့်ဒေသ တိုးတက်မှု စစ်တမ်းကောက်


၂၀၁၀ ခုနှစ်တုန်း အင်ဒိုနီးရှားနိုင်ငံ ရင်ဆိုင်ခဲ့ရတဲ့ သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား ဘယ်လောက်တိုးတက်မှုတွေ ရှိနေသလဲဆိုတာကို သိနိုင်အောင် ဘေးဒဏ်ပြန်လည်ထူထောင်ရေး ကိန်းဂဏန်း ကောက်ခံမှုကို စတင်ခဲ့ပါတယ်။

Java ကျွန်းအလယ်ပိုင်းမှာ ၂၀၁၀ က Merapi မီးတောင် ပေါက်ကွဲခဲ့မှုနဲ့ အရှေ့ဂျာဗားမှာ ရွှံ့နွံတွေ ဖုံးလွှမ်းမှုကြောင့် ပျက်စီးခဲ့တဲ့နေရာတွေမှာ စီးပွားရေးအရ နလန်ထူမှုအခြေအနေ ဘယ်လိုရှိသလဲဆိုတာကို ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် UNDP ရဲ့ ထောက်ပံ့မှုနဲ့ အစပြု ဆောင်ရွက်တဲ့ စစ်တမ်းက အဓိက အာရုံစိုက်မှာ ဖြစ်ပါတယ်။

ရရှိတဲ့စစ်တမ်းတွေကနေ ပြန်လည်ထူထောင်ရေးအတွက် စီးပွားရေးကဏ္ဍအပေါ် ဘယ်လောက်အာရုံစိုက်ဖို့ လိုတယ်ဆိုတာကို သိရမှာဖြစ်တယ်လို့ အင်ဒိုနီးရှား သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးဌာန ဒုတိယညွှန်မှူး ဘန်းဘန်း ဆူလီစတီယန်နိုက ပြောပါတယ်။ စစ်တမ်းကောက်တဲ့အခါ အခြေခံအဆောက်အအုံ၊ အိုးအိမ်နဲ့ အလုပ်အကိုင် စတဲ့ ကဏ္ဍ ၂၂ မျိုးကို ခွဲပြီး စစ်တမ်းကောက်ယူမှာ ဖြစ်ပါတယ်။
XS
SM
MD
LG