သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး အရေး မိုးမကုန်ခင် အရေးပေါ် ကူညီဖို့ UNHCR ပန်ကြား


လှေစီးပြေးဒုက္ခသည်များ။
လှေစီးပြေးဒုက္ခသည်များ။

မုတ်သုံမိုးရာသီ မကုန်ဆုံးခင် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ထွက်ပြေးလာကြမယ့် လှေစီးပြေး ဒုက္ခသည်တွေအရေး အရေးပေါ် ဆောင်ရွက်ကြဖို့ UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သြဂုတ်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အခုနှစ် ပထမ ၆ လအတွင်း လူမှောင်ခိုကူးသူတွေက ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း ၃၁,၀၀၀ ခန့်ကို ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သယ်ခဲ့တယ်လို့ UNHCR ပြောခွင့်ရ အမျိုးသမီး Melissa Fleming ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။ ဒါဟာ မနှစ် အဲဒီအချိန်ကထက်စာရင် ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက် ၃၄% တိုးလာတာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကစလို့ အန္တရာယ် များလှတဲ့ ဒီရေကြောင်းခရီးကို ဖြတ်ကျော် ထွက်ပြေးလာသူ ခန့်မှန်းခြေ ၉၄,၀၀၀ လောက် ရှိသွားပြီလို့ ဆိုပါတယ်။

အဲဒီအထဲမှာ ၂၀၁၅ ခုနှစ်အတွင်း သေဆုံးသွားတဲ့ ၃၇၀ အပါအဝင် ၂၀၁၅ ခုနှစ်ကစလို့ သေဆုံး အရေအတွက် ၁,၁၀၀ ကျော် ရှိသွားပြီလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိုင်းနဲ့ မလေးရှားနယ်စပ်တွေမှာရှိတဲ့ လူမှောင်ခိုကူးတဲ့သူတွေအသုံးပြုတဲ့ ယာယီခစန်းတွေအနီး ဒုက္ခသည်တွေကို လူမှောင်ခို ကူးသူတွေက ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ပြီး အစုလိုက် အပြုံလိုက် မြေမြုပ်ထားတာကို အခုနှစ် မေလတုန်းက တွေ့ရှိခဲ့ပြီးတဲ့အပေါ် UNHCR ရဲ့ အစီရင်ခံစာက အခြေခံထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းက မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း ဒေသမှာ နောက်ထပ် အလောင်း ၂၄ လောင်း တွေ့ရှိခဲ့တာဟာလည်း လူမှောင်ခိုကူးသူတွေရဲ့ ရက်စက် ကြမ်းကြုတ်မှုကို ပြသလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG