သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ မြန်မာ့သင်္ကြန်ဆုတောင်း


မြန်မာနှစ်သစ်ကူး သင်္ကြန် ပွဲတော်။
မြန်မာနှစ်သစ်ကူး သင်္ကြန် ပွဲတော်။
မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ မြန်မာလူထုအတွက် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားကိုယ်စား အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ဧပြီလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက အဲဒီလို ဆုတောင်းပေးထားတာပါ။
အမေရိကန်သမ္မတ အိုဘားမား
အမေရိကန်သမ္မတ အိုဘားမား

ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ စီးပွားရေးအခွင့်အလန်း ချဲ့ထွင်ရေးနဲ့ တိုင်းပြည်တွင်း လူတိုင်းအတွက် တရားမျှတမှုရှိစေရေး ကတိကဝတ်တွေ အကောင်အထည်ပေါ်လာစေဖို့ အတူတကွ လက်တွဲလုပ်ဆောင်သွားရေး အမေရိကန်ပြည်ထောင်စုက အခိုင်အမာ သန္နိဋ္ဌာန်ချထားပါတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ

သမိုင်းဝင် အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်ပေါ်လာစေရေး လုပ်ဆောင်ချက်တွေဟာ အမျိုးသား သဟဇာတဖြစ်ရေးနဲ့ အနာဂတ်အတွက် တူညီတဲ့ စိတ်ကူး အမြင်တွေအတွက် အခြေခံဖြစ်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို မိမိတို့ တန်ဖိုးထားပါကြောင်းလည်း ဝန်ကြီးကယ်ရီက ပြောထား ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံရဲ့ ဦးဆောင်မှုဟာ ဒေသတွင်းမှာ တိုးလာနေတဲ့ မြန်မာနိုင်ငံ ရဲ့ အကျိုးသက်ရောက်မှုကို သရုပ်ဖော်နေပြီး နိုင်ငံရဲ့ တိုးတက်မှုနဲ့ အလားအလာတို့ကို ပြသနေပါတယ်လို့လည်း ဆိုပါတယ်။

ဆုတောင်းတာ၊ ပျော်ပွဲဆင်နွှဲတာ၊ အသစ်တဖန် ဆန်းသစ်တာတို့နဲ့အတူ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ အိမ်နီးချင်းတွေနဲ့ စုဝေး ပြီး ကြွယ်ဝတဲ့ အစဉ်အလာနဲ့ ယဉ်ကျေးမှုတို့ကို အထိမ်းအမှတ်ပြုနေကြတာနဲ့အမျှ ငြိမ်းချမ်းပြီး ပျော်ရွှင်တဲ့နှစ်သစ်ဖြစ်ပါစေလို့ အမေရိကန်လူထုက ဆုတောင်းမေတ္တာပို့သနေပါကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါ တယ်။
XS
SM
MD
LG