သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေဘေး ကုလအကူအညီ

ရေဘေးဒုက္ခသည်များ။
1/11 ရေဘေးဒုက္ခသည်များ။
အသေးစိတ် ဖတ်ရှုရန် Show less
ရေဘေးဒုက္ခသည်များ။
2/11 ရေဘေးဒုက္ခသည်များ။
အသေးစိတ် ဖတ်ရှုရန် Show less
ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေ။
3/11 ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေ။
အသေးစိတ် ဖတ်ရှုရန် Show less
ကူညီကယ်ဆယ်ရေးလိုအပ်ဆဲ။
4/11 ကူညီကယ်ဆယ်ရေးလိုအပ်ဆဲ။
အသေးစိတ် ဖတ်ရှုရန် Show less
အရေးပေါ်အခြေအနေကြေညာ
5/11 အရေးပေါ်အခြေအနေကြေညာ
အသေးစိတ် ဖတ်ရှုရန် Show less
အိမ်ပြိုကျတဲ့အထိ ရေကြီး။
6/11 အိမ်ပြိုကျတဲ့အထိ ရေကြီး။
အသေးစိတ် ဖတ်ရှုရန် Show less
အရေးပေါ်ကူညီကယ်ဆယ်ရေးလိုအပ်
7/11 အရေးပေါ်ကူညီကယ်ဆယ်ရေးလိုအပ်
အသေးစိတ် ဖတ်ရှုရန် Show less
ရေဘေးဒုက္ခသည်များ။
8/11 ရေဘေးဒုက္ခသည်များ။
အသေးစိတ် ဖတ်ရှုရန် Show less
People row their canoes on a flooded street at a village in Kawlin township, Sagaing division
9/11 People row their canoes on a flooded street at a village in Kawlin township, Sagaing division
အသေးစိတ် ဖတ်ရှုရန် Show less
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရေကြီး။ သတင်းဓာတ်ပုံ MOI
10/11 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရေကြီး။ သတင်းဓာတ်ပုံ MOI
အသေးစိတ် ဖတ်ရှုရန် Show less
သက်ကြီးရွယ်အိုများကို ပြောင်းရွှေ့နေရာချထား
11/11 သက်ကြီးရွယ်အိုများကို ပြောင်းရွှေ့နေရာချထား
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

မြန်မာနိုင်ငံ ဒေသအများအပြားမှာ ရေကြီးတဲ့ဒဏ်ကြောင့် သြဂုတ်လ ၆ ရက်နေ့အထိ ဆိုရင် လူပေါင်း ၃၃၀,၀၀၀ ကျော် ဘေးဒဏ် သင့်၊ ၈၈ ဦးသေဆုံး၊ သီးနှံစိုက်ဧက ၂၁၇,၀၀၀ ကျော် ပျက်စီးဆုံးရှုံးတဲ့အကြောင်း လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာကို လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်း ဆောင်ရွက်ရေး UNOCHA ရန်ကုန်ရုံးရဲ့ သြဂုတ်လ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။

အရေးပေါ် အကူအညီတွေပေးဖို့၊ ဒီဘေးအန္တရာယ်ကနေ လက်ရှိ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ အာဟာရမပြည့်ဝမှု ပိုဆိုးလာမယ့် အရေး တားဆီးဖို့ မြန်မာ အစိုးရနဲ့ ပူးပေါင်းပြီးတော့ အလျင်အမြန် လုပ်ဆောင်နေပါတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Dom Scalpelli ကပြောပါတယ်။

သြဂုတ်လ ၆ ရက်နေ့အထိဆိုရင် လူပေါင်း ၁၀၃,၀၀၀ အတွက် စားနပ်ရိက္ခာ ၃၈၇ မက်ထရစ်တန်ကျော်၊ ရေသန့်လုပ်တဲ့ ဆေးပြား ၆၂၀,၀၀၀ ကျော်အပြင် စားနပ်ရိက္ခာ၊ နေစရာ၊ အကာအကွယ်၊ ကျန်းမာရေး၊ ရေနဲ့ သန့်ရှင်းရေးတို့အတွက် အကူအညီ တွေ ပေးထားပြီးပြီလို့ UNOCHA ရန်ကုန်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေ၊ ရခိုင်နဲ့ချင်းပြည်နယ်တွေက သွားလာရခက်ခဲတဲ့ နေရာတွေဆီရောက်ဖို့ရာ အကူအညီပေး အဖွဲ့တွေအနေနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ ရင်ဆိုင်နေရပြီး မြန်မာ တာဝန်ရှိသူတွေ၊ နိုင်ငံတွင်းအဖွဲ့အစည်းတွေနဲ့ အနီး ကပ် ပူးပေါင်းလုပ်ဆောင်နေတယ်လို့ UNOCHA ကပြောပါတယ်။

အခုဆိုရင် ရာသီဥတုအခြေအနေ ကောင်းလာပြီး ပဲခူး၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်း ဒေသကြီးတွေဘက်ကို ရေတွေ စီးသွားနေတဲ့ အတွက် မြစ်ရေ တိုးလာပြီး စိုးရိမ်ရတဲ့ အဆင့်ထိ ရောက် သွားပြီးတော့ နောက်ထပ်နေရာတွေ မှာ ရေကြီးမှာကို စိုးရိမ်လာရတယ်လို့ လည်း သတိပေးထားပါတယ်။

ရေဘေးဒဏ်သင့်လူထုကို နောက်ထပ် ကူညီထောက်ပံ့ဖို့ ရန်ပုံငွေ အသစ်တွေ ပေးမယ့်အကြောင်း နိုင်ငံတကာအလှူရှင်တွေက မြန်မာအစိုးရနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေကို ကတိပြုထားပြီးပြီလို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။

အရေးကြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အရေးပေါ်အခြေအနေ တုန့်ပြန်လုပ်ဆောင်ရေး ရန်ပုံငွေဆိုင်ရာ ကုလသမဂ္ဂ ဗဟိုဌာန (CERF)၊ မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ တုန့်ပြန်လုပ်ဆောင်ရေး ရန်ပုံငွေ (ERF) တို့ကနေ နောက်ထပ် ရန်ပုံငွေတွေပေးဖို့ကိုလည်း မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးက ပန်ကြားထားပါတယ်။

ဆက်စပ်သတင်းများ ...

​
XS
SM
MD
LG