သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၃ ဘိန်းစိုက်ပျိုးမှု မြန်မာဒုတိယလိုက်


မူးယစ်ဆေးဝါး ဈေးကွက်ထဲကို အသစ်ဝင်လာတဲ့ ဆေးခြောက်နဲ့ Ecstacy တို့လို အာနိသင်ရှိပြီး တရားဝင် ဝယ်ယူခွင့်ရှိတဲ့ ဆေးဝါးတွေကို မူးယစ်ဆေးဝါးအဖြစ် အသုံးပြုတာ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ဖော်စပ်သုံးဆောင်တာ စတဲ့ မူးယစ်ဆေးဝါး သုံးစွဲနည်း အသစ်တွေ များလာနေတာက လူထုကျန်းမာရေးအတွက် မမြင်နိုင်တဲ့ စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အေဂျင်စီက ပြောပါတယ်။

NPS လို့ခေါ်တဲ့ စိတ်ကြွဆေးတွေဟာ ဆိုင်မှာ တရားဝင် ဝယ်ယူလို့ ရနိုင်တဲ့ ဆေးဖြစ်ပေမဲ့လည်း လုံခြုံ စိတ်ချရမှု ရှိ မရှိ ဆိုတဲ့အပေါ် အသေချာ စမ်းသပ် စစ်ဆေးခြင်း မလုပ်ရသေးဘူးလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းများဆိုင်ရာရုံး UNODC က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီ မူးယစ်ဆေးဝါး အသစ်တွေဟာ သာမန် မူးယစ်ဆေးဝါးတွေထက် အဆပေါင်းများစွာ အန္တရာယ်ရှိတယ်လို့ ၂၀၁၃ ခုနှစ် မူးယစ်ဆေးဝါး အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လမ်းပေါ် အများသုံး နာမည်တွေဖြစ်တဲ့ Spice၊ Meow – Meow ၊ Bath Salk စတဲ့ မူးယစ်ဆေးဝါးတွေဟာ အန္တရာယ်နည်းပြီး ပျော်စရာကောင်းတဲ့ မူးယစ်ဆေးဝါး ဖြစ်တယ်ဆိုပြီး လူငယ်တွေ ယုံမှား သံသယ ဖြစ်စေနိုင်တယ်လို့ UNODC က ပြောပါတယ်။

၂၀၁၂ ခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါး အစီရင်ခံစာအရ ကမ္ဘာ့မူးယစ်ဆေးဝါး သုံးစွဲမှု စုစုပေါင်း ၇၄ ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံက နံပါတ် ၁ မှာ ရှိနေခဲ့သလို အခုနှစ် ၂၀၁၃ မှာလည်း နံပါတ် ၁ အဖြစ် ဆက်ရှိနေတုန်းပါ။ မြန်မာနိုင်ငံကတော့ အာဖဂန်အနောက်က ဒုတိယလိုက်နေပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးနိုင်တဲ့ မြေအကျယ်အဝန်း ၂၃ ရာခိုင်နှုန်းကို မူးယစ်ဆေးဝါး စိုက်ပျိုးဖို့ အသုံးပြုနေပြီး ကမ္ဘာ့ ဘိန်းဖြူ ထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG