သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လွတ်လပ်ရေးနေ့ ဝန်ကြီးကလင်တန်ကြေညာချက်


U. S. Secretary of State Hillary Rodham Clinton
U. S. Secretary of State Hillary Rodham Clinton
မြန်မာနိုင်ငံရဲ့ ၆၅မြောက် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဒီကနေ့မှာ အမေရိကန်ပြည်ထောင်စုက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် မှန်မှန်ဖြစ်ပေါ်နေတဲ့အတွက် မိမိတို့ ကျေနပ်ဝမ်းမြောက်ရပါကြောင်း အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမား နဲ့ အမေရိကန်လူထုကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

၂၀၁၂ခုနှစ်အတွင်း အမေရိကန်၊ မြန်မာ နှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေး ပြန်ထူထောင်ခဲ့တာ အပါအဝင် နှစ်ဘက်ဆက်ဆံရေးမှာ သမိုင်းဝင်ဖြစ်ထွန်းတိုးတက်ခဲ့တာကိုလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်တွေအပေါ် သမ္မတအိုဘားမားရော သူပါ ကျေနပ်ဝမ်းမြောက်ရပါတယ်လို့ ဝန်ကြီးကလင်တန်က သဝဏ်လွှာမှာ ပြောထားပါတယ်။ လာမယ့်နှစ်တွေ အတွင်း မိမိတို့အကြား မိတ်ဘက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ဆက်လုပ်သွားဖို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG