သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် - တောင်ကိုရီးယား ပူးတွဲ စစ်လေ့ကျင့်မည်


တောင်ကိုရီးယားစစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်။ ( ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃)
တောင်ကိုရီးယားစစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်။ ( ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃)
ဒေသထဲမှာ စိုးရိမ်ပူပင်မှုတွေ ကြီးထွားစေခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံး နျူကလီးယား စမ်းသပ်ချက် အပြီး မကြာခင်မှာပဲ တောင်ကိုရီးယားနိုင်ငံကလည်း အမေရိကန်နိုင်ငံ နဲ့အတူ ဒေသထဲမှာ နောက်လထဲမှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် လုပ်ဆောင်မယ့် အစီအစဉ်ရှိတယ် ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာပါတယ်။ နှစ်နိုင်ငံ တပ်မတော် ပူးတွဲ ကြေညာတဲ့ ကြာသာပတေးနေ့ ထုတ် ကြေညာချက်ထဲမှာ နှစ်စဉ် ကျင်းပတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို မတ် လ ၁ရက်နေ့ မှာ စမှာ ဖြစ်ပြီး Foal Eagle လို့ ခေါ်တဲ့ ၁လ ကြာ စစ်ရေးလေ့ကျင့်မှု က ကြည်း၊ ရေ၊ လေတပ်ဖွဲ့ လေ့ကျင့်မှုတွေ ပါမယ်လို့ ဖော်ပြထား ပါတယ်။

တောင်ကိုးရီးယား နိုင်ငံမှာ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအမ်း နဲ့ သူ့အစိုးရအဖွဲ့က နျူကလီးယား ဒုံးလက်နက် စမ်းသပ်ချက် နောက်ကွယ်က ပါဝင်သူတွေကို ဂုဏ်ပြုတဲ့ ဓါတ်ပုံကို မီးရှို့ခဲ့တဲ့နေ့နဲ့ တနေ့ထဲမှာပဲ အဲဒီကြေညာချက် ထွက်လာ တာဖြစ်ပါတယ်။ မြောက်ကိုးရီးယားက ဖေဖော်ဝါရီလ ၁၂ရက်နေ့ က တတိယအကြိမ်မြောက် စွမ်းအားမြင့် Nuclear လက်နက် စမ်းသပ်မှုကို လုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ကမ္ဘာ့ ကုလသမဂ္ဂက မြောက်ကိုးရီးယားရဲ့ နျူကလီးယား ဒုံးလက်နက် စမ်းသပ်မှုတွေကို ဒဏ်ခတ် အရေးယူထားပါတယ်။ ဒီလို အရေးယူထားတဲ့ကြားက ဆက်ပြီး လုပ်နေတဲ့ မြောက်ကိုးရီးယား ရဲ့ နျူကလီးယား စမ်းသပ်မှု တွေလုံး၀ ရပ်တန့်သွားအောင် အရေးယူမှုတွေ တိုးချဲ့လုပ်ဆောင် ဖို့အတွက် ကုလသမဂ္ဂက လတ်တလော နည်းလမ်းရှာ စဉ်းစားနေပါတယ်။
XS
SM
MD
LG