သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်တွင်း ကန်လေယာဉ် ပျံသန်းမှု တရုတ် သတိပေး


B-52 အမေရိကန် ဗုံးကျဲလေယာဉ်။
B-52 အမေရိကန် ဗုံးကျဲလေယာဉ်။

တောင်တရုတ်ပင်လယ်အတွင်း နယ်မြေ အငြင်းပွါးမှုဖြစ်ပါွးနေတဲ့ ကျွန်းစုအနီး ဒီသီတင်းပတ် အစောပိုင်းက အမေရိကန်တပ်ရဲ့ဗုံးကြဲလေယာဉ် B-52 ၂ စင်း ပျံသန်းသွားချိန်မှာ တရုတ်မြေပြင်ထိန်းချုပ်ရေးစခန်း ဘက်က နှုတ်အားဖြင့် ၂ ကြိမ် သတိပေးလာတယ်လို့ အမေရိကန်ကာကွယ်ရေးအရာရှိတွေကပြောပါတယ်။

အမေရိကန်လေတပ်အခြေစိုက်စခန်း Guam ကနေB-52 ဗုံးကြဲလေယာဉ်တွေဟာ Spartley ကျွန်းစုအနီးနိုင်ငံတကာလေပိုင်နက်အတွင်း ပုံမှန်ပျံသန်းမှုတွေကို နိုဝင်ဘာလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ လုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ ပင်တဂွန်ပြောခွင့်ရ Bill Urgan ကမနေ့ ကြာသပတေးနေ့ ကပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ဥပဒေကို အမြဲတမ်း လိုက်နာပျံသန်းတဲ့ ဒီလေယာဉ် ၂ စင်းဟာ ဘယ်လို အနှောင့်အယှက်မှ မရှိဘဲ ပုံမှန်အတိုင်းဆက်လက် ပျံသန်းသွားခဲ့ တယ်လို့လည်း သူက ဆိုပါတယ်။

ရေကြောင်းလေကြောင်းဆိုင်ရာလွပ်လပ် သွားလာပျံသန်းခွင့် ကိုအကြောင်းပြပြီး တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့လုံခြုံရေးကို လျှော့တွက်တဲ့ လုပ်ရပ်မျိုးကို ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei က ဒီကနေ့ သောကြာနေ့မှာပြောပါတယ်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်၊ ဗီယက်နမ်နဲ့ တရုတ်တို့အကြား နယ်မြေပိုင်ဆိုင်မှုအငြင်းပွါးနေတဲ့

တောင်တရုတ်ပင်လယ်တွင်း အမေရိကန်တပ်ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် အတိုင်းလွပ်လပ်စွာ ကင်းလှည့် ပျံသန်းနေခဲ့တာပါ။ နောက်သီတင်းပတ်အတွင်း ကျင်းပမယ့် အာရှ ပစိဖိတ် ထိပ်သီးညီလာခံအတွင်း တောင်တရုတ်ပင်လယ်အရေး တင်းမာမှုတွေတိုးလာ နေတဲ့ကိစ္စကို အသားပေးဆွေးနွေးကြမယ်လို့ ယူဆရပါတယ်။ ဒီထိပ်သီး ညီလာခံကို အမေရိကန်သမ္မတ ဘရက်အိုဘားမား တက်ရောက်ဖို့ရှိပါတယ်။

XS
SM
MD
LG