ပြီးခဲ့တဲ့ ရက်ပိုင်းက ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန်၊ မြန်မာ ဆွေးနွေးပွဲတခု လုပ်ခဲ့ပါတယ်။ အမေရိကန်နဲ့ မြန်မာ နှစ်ဖက် အစိုးရပိုင်း တာဝန်ရှိသူတွေရော၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေပါ ပါဝင်တဲ့ အပြန်အလှန် အမြင်ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ရှိတဲ့ Johns Hopkins တက္ကသိုလ်မှာ အောက်တိုဘာ ၁ရက်နေ့ကနေ ၃ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြတာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အမေရိကန်ပြည်ထောင်စုဘက်က ဘယ်လိုအကူအညီတွေ ပေးနိုင်မလဲဆိုတာ လက်တွေ့ဆွေးနွေး အဖြေထုတ်ကြတဲ့ပွဲဖြစ်တယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။ မြန်မာဘက်ကနေ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တဦးဖြစ်သူ မင်္ဂလာမြန်မာအဖွဲ့ ညွန်ကြားရေးမှူး ဒေါက်တာဖုန်းဝင်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
ဖြေ။ ။ Track 1.5 Dialogue မှာတော့ မြန်မာဘက်က ၈ယောက်၊ အမေရိကန်ဘက်က ၈ယောက် ဦးဆောင်ပြီး ဆွေးနွေးကြတာပေါ့။ ကျန်တဲ့သူတွေကလည်း မေးခွန်းမေးတဲ့သူတွေရှိတယ်။ ကော်မန့်ပေးတဲ့သူတွေရှိတယ်။ အဲ့တာကတော့ ဆွေးနွေးတဲ့အကြောင်းအရာကတော့ နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေ မေးတာရှိတယ်။ ပြီးတော့ ပြောကြတာတွေရှိတယ်။
မေး။ ။ အခုဒီဆွေးနွေးပွဲက ဒုတိယအကြိမ်လို့ သိရပါတယ်။ ပထမအကြိမ် နေပြည်တော်မှာ မတ်လတုန်းက လုပ်တာပေါ့နော်။ ဒီဆွေးနွေးပွဲရဲ့ သဘောသဘာဝ အဓိက ရည်မှန်းတဲ့ ကိစ္စက ဘာတွေလည်း ခင်ဗျ။
ဖြေ။ ။ဟုတ်ပါတယ်။ ဒါ ဒုတိယအကြိမ်ပေါ့လေ။ ပထမဆုံးအကြိမ် ကျနော်တို့ လုပ်တာက မတ်လ ဒီနှစ်မှာ ရန်ကုန်မြို့နဲ့ နေပြည်တော်မှာ လုပ်ခဲ့တာပေါ့လေ။ သဘောသဘာဝ ကတော့ နှစ်နိုင်ငံဆက်ဆံရေးက ပျက်နေခဲ့တာကြာပြီဆိုတဲ့ အခါ ကျတော့ ပြန်ပြီးဆက်သွယ်ဖို့အတွက်ကို Track 1.5 Dialogueပေါ့လေ။
Track 1 နဲ့ Track 2 ကြားထဲမှာ Track 2 ကတော့ အစိုးရမဟုတ်တဲ့ သူတွေအချင်းချင်းပြောတာ Track 1 ကတော့ အစိုးရအချင်းချင်း ပြောတာပေါ့လေ။ ဒီကြားထဲမှာ အစိုးရဘက်ကလည်း တဝက်ပါတဲ့၊ အစိုးရမဟုတ်တဲ့သူတွေကလည်း တဝက်လောက်ပါပြီးတဲ့အခါကျတော့ ကျနော်တို့ နားလည်မှု တည်ဆောက်ဖို့ပေါ့လေ၊ ကျနော်တို့ယုံကြည်မှု တည်ဆောက်ဖို့အတွက် ကျနော်တို့ စဉ်းစားပြီးတော့ လုပ်ခဲ့တာပါ။
လွန်ခဲ့တဲ့ တနှစ်ခွဲက စဉ်းစားပြီးလုပ်တာဆိုတော့ အဲ့တုန်းက ဒီလောက်လည်း ခရီးပေါက်မယ်လို့ ကျနော်တို့ မထင်မှတ်ခဲ့ဘူး။ ဒီလောက်လည်း မြန်မြန်ဆန်ဆန် အောင်မြင်မှုရမယ်လို့ မထင်မှတ်ထားတဲ့ အခါကျတော့ တနှစ်ကို နှစ်ကြိမ်ပေါ့။ ကျနော်တို့က သိပ်ပြီးတော့ တရားဝင်ပုံစံမျိုးပေါ့လေ။ တကယ် Formal နည်းလမ်းမျိုးမဟုတ်ပဲနဲ့၊ informal ပေါ့လေ ပွင့်ပွင့်လင်းလင်းနဲ့ တကယ့်အကြောင်းရင်းပေါ့။ ဘာကြောင့်ဖြစ်ရလဲပေါ့။
ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းရင်း၊ ဘယ်လိုရှင်းနိုင်လဲဆိုတဲ့ အကြောင်းရင်း၊ ကျနော်တို့က လွတ်လွတ်လပ်လပ်ပဲ ပြောဆို ဆွေးနွေးဖို့၊ ကျနော်တို့ စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။
ကျနော်တို့ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးခဲ့လို့ရှိရင်တော့ တဘက်နဲ့တဘက် အတွင်းကျကျ သိမြင်နားလည်သွားတဲ့အခါကျတော့ နဂိုရှိနေတဲ့ နားလည်မှုလွဲနေတာတွေက ပျောက်သွားမယ်။ မရှိသေးတဲ့ ယုံကြည်မှုတွေကို တည်ဆောက်နိုင်မယ်။ ဒီလိုမျိုး ကျနော်တို့ စဉ်းစားပြီးတော့ တနှစ် နှစ်ကြိမ်လုပ်တာပါ။
မေး။ ။ အခုဆွေးနွေးတဲ့ ဆွေးနွေးပွဲက မနေ့ကတော့ ပြီးသွားပြီပေါ့နော်။ ဆွေးနွေးပွဲမှာ နိုင်ငံရေးက အဓိက အကြောင်းအရာဖြစ်နေသလား။ တခြားစီးပွားရေးအကြောင်းအရာတွေက အဓိက ဖြစ်လား။ ဘယ်ကိစ္စက အဓိက နေရာယူထားသလဲခင်ဗျ။
ဖြေ။ ။ အဓိကကတော့ အားလုံးသိတဲ့အတိုင်းလေ။ တကမ္ဘာလုံးကလည်း လက်ခံပြီးသားဖြစ်တဲ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အပြောင်းအလဲပေါ့လေ။ ဆိုတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အပြောင်းအလဲက ဒီလမ်းကြောင်းမှန်ပေါ်လည်း သွားနေတယ်။ အပြောင်းအလဲဖြစ်တဲ့ နှုန်းကလည်း မြန်တယ်။ ဆိုတော့ ဒီလမ်းကြောင်းလဲ ဆက်ပြီးတော့ မှန်နေအောင်။ နှူန်းလည်း အခုပြောင်းလဲနေတဲ့ နှူန်းအတိုင်း ဆက်ပြီးပြောင်းလွဲနိုင်အောင်အတွက် ဘယ်လိုလုပ်များ ဝိုင်းဝန်းထောက်ပံ့ရင် ကောင်းမလဲဆိုတဲ့ဘက်က အဓိကဖြစ်ပါတယ်။
စီးပွားရေးဘက်က ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ။ နိုင်ငံရေးဘက်က ဘယ်လိုပေးနိုင်မလဲ။ လူမှုရေးဘက်ကနေ ဘယ်လိုတွေ ပေးနိုင်လဲ။ အဲ့ဒီ့ဟာတွေကို တပ်မတော်ဘက်နေပြီးတော့ ဘယ်လိုလုပ် အထောက်အပံ့ပေးနိုင်မလဲဆိုပြီးတော့ နည်းလမ်းတွေကို အဓိကထားပြီး ပြောကြတာပါ။
မေး။ ။ နှစ်ဘက်ကိုယ်စားလှယ်တွေထဲမှာ အဓိက ဦးဆောင်တာ ဘယ်သူတွေလဲ ခင်ဗျ။
ဖြေ။ ။ မြန်မာပြည်ဘက်ကတော့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း၊ ပြည်ထောင်စု ဒုတိယဝန်ကြီး သူရဦးသောင်းလွင်ပေါ့လေ။ သူတို့ဦးဆောင်ပြီးတော့ လာကြတယ်။ အမေရိကန်ဘက်ကတော့ Under Secretary ပေ့ါ။ Robert Hormats နဲ့ Assistant Secretary Kurt Campbell သူတို့ဦးဆောင်ပြီး လာကြတယ်။ အစိုးရပိုင်းကလည်း ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း ပါကြတယ်။
မေး။ ။ ကိုဖုန်းဝင်းအနေနဲ့ အခု ဒီဆွေးနွေးပွဲကနေ ဘာတွေများ ရလာဒ်ကောင်းတွေ ထွက်တယ်လို့ ကိုယ့်ဘာသာ သုံးသပ်မိသလဲခင်ဗျ။
ဖြေ။ ။ အခုမြန်မာပြည်မှာရှိနေတဲ့ ပြုပြင်ပြောင်းလဲမှု နှူန်းက သိပ်မြန်တယ်။ အဲ့တော့ လမ်းကြောင်းကလည်း မှန်နေတယ်ဆိုတော့ မြန်နေတာလည်း ကောင်းတယ်။ မှန်နေတာလည်း ကောင်းတယ်ပေါ့။ ဒီကောင်းနေတဲ့ကိစ္စတွေကို ဆက်ပြီးတော့ ဒီနှူန်းအတိုင်း ဆက်ပြီး ပြောင်းလဲမှုတွေ ဖြစ်နေဖို့ ဒီလမ်းကြောင်းအမှန်အတိုင်း ဆက်သွားနေဖို့ ဆိုလို့ရှိရင် အမေရိကန်အစိုးရအနေနဲ့ ထိထိရောက်ရောက် လက်တွေ့ကျကျကို ပါဝင်ပြီးတော့ ကူညီဆောင်ရွက်ဖို့ သင့်တယ်။ အဲ့လိုထိထိရောက်ရောက်ဖြစ်အောင် လက်တွေ့ကျကျ ပါဝင်ကူညီဆောင်ရွက်နိုင်ဖို့အတွက်က ဒီသမာရိုးကျ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆက်ပြီးသွားလို့ရှိရင် အချိန်မှီဆောင်ရွက်ပေးနိုင်မှာမဟုတ်ဘူး။
လက်တွေ့ကျကျလည်း ဆောင်ရွက်ပေးနိုင်မှာမဟုတ်ဘူးဆိုတာကို ကျနော်တို့က တွေ့တယ်။ တွေ့တဲ့အခါကျတော့ ကျနော်တို့က ဒါတွေဟာ နည်းလမ်းရှိတယ်ပေါ့။ နည်းလမ်းရှိတယ်ဆိုတော့ ကျနော်တို့က နည်းလမ်းကို တည်ထွင်ပြီးတော့ နည်းလမ်းတွေကို ရှာပြီးတော့ ကူညီရမယ်။ မြန်မြန်ဆန်ဆန် ကူညီရမယ်။ ထိထိရောက်ရောက် ကူညီရမယ်ဆိုတာ တွေ့ခဲ့တယ်လေ။ အဲ့ဒီ့နည်းလမ်းတွေကို ကျနော်တို့ ပြောကြတယ်။ နည်းလမ်းတွေကိုလည်း တယောက်နဲ့တယောက်နားလည်အောင် ရှင်းပြကြတာပေါ့။