သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားနဲ့ တောင်ကိုရီးယားသမ္မတ မြောက်ကိုရီးယားအရေး ရပ်တည်ချက်တူ


အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ Barack Obama နဲ့ တောင်ကိုရီးယားသမ္မတ Park Geun-Hye တို့ တွေ့ဆုံဆွေးနွေးနေစဉ် (၇ မေ ၂၀၁၃)
အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ Barack Obama နဲ့ တောင်ကိုရီးယားသမ္မတ Park Geun-Hye တို့ တွေ့ဆုံဆွေးနွေးနေစဉ် (၇ မေ ၂၀၁၃)
သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ တောင်ကိုရီးယား သမ္မတ ပခ့် ဂွန် ဟဲး (Park Geun-Hye) ကို သမ္မတ အိမ်ဖြူတော်မှာ ဧည့်ခံတွေ့ဆုံခဲ့ပြီး၊ မြောက်ကိုရီးယား အရေးနဲ့ နျူကလီးယား ခြိမ်းခြောက်မှု ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးအတွက် ထပ်မံ ကတိပေး ပြောဆိုခဲ့တဲ့ဆွေးနွေး ပွဲဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။

တောင်ကိုရီးယားသမ္မတ ပခ့် ဂွန် ဟဲး (Park Geun-Hye) ဟာ အမေရိကန်ပြည်ထောင်စုကို ၅ ရက်ကြာခရီး ရောက်ရှိနေတာဖြစ်ပြီး၊ တနင်္လာနေ့တုန်းကတော့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တွေ့ဆုံပါတယ်။

မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တုံ့ပြန်ရာမှာ အလေးအနက်ရှိပြီး အတိုင်းအတာ ဆောင်တယ်လို့ တောင်ကိုရီးယား သမ္မတကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ချီးကျူးခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်ကတော့ အခုအခါမှာ ရန်စပြောဆိုတာတွေ တဖြေးဖြေးနဲ့ လျော့လာပါတယ်။

ဒ့ီမတိုင်ခင် ရက်သီတင်းပတ် အတော်များများမှာတော့ အမေရိကန်ပြည်ထောင်စု နဲ့ တောင်ကိုရီးယားတို့ကို နျူကလီးယားနဲ့ မြေပြင်တိုက်ခိုက်မှုတွေ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုမှုတွေ လုပ်ခဲ့တာပါ။

မြောက်ကိုရီးယားဟာ သူတို့ရဲ့ တာလတ်ပစ် ဒုံးကျည်နှစ်စင်းကို မူလ တင်းမာမှု အနေအထားကနေ အခု နေရာပြောင်းလိုက်ပြီလို့ ယုံကြည်ရတဲ့အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြော ပါတယ်။ ဒါကြောင့် ကိုရီးယားကျွန်းဆွယ် တင်းမာမှုဟာ ပြေလျော့လာမယ့်ပုံတော့ ရှိလာပါတယ်။
XS
SM
MD
LG