သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လက်နက် အထောက်အပံ့တွေ IS လက်ထဲရောက်


ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani ကို ခုခံတိုက်ခိုက်နေတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေအတွက် ရည်ရွယ်ပြီး အမေရိကန်က လေကြောင်းကနေ ချပေးလိုက်တဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေဟာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ထဲကို ရောက်သွားခဲ့ကြောင်း ဆီးရီးယား တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

တနင်္ဂနွေနေ့ညတုန်းက အမေရိကန်လေတပ်က လေထီးနဲ့ ချပေးလိုက်တဲ့ လက်နက်တွေကို စစ်သွေးကြွတွေက ရရှိသွားတယ်လို့ ဆီးရီးယားနိုင်ငံ အတွင်းမှာရှိတဲ့ သူတို့ရဲ့ အဆက်အသွယ်က သတင်းပို့ခဲ့ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့ကြီးက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

IS အဖွဲ့ကိုလိုလားတဲ့ မီဒီယာတခုက ပြသတဲ့ ဗွီဒီယိုထဲမှာ မျက်နှာကို ဖုံးကွယ်ထားတဲ့ တိုက်ခိုက်ရေးသမား တယောက်က လက်ပစ်ဗုံးတွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ လက်ပစ်ဗုံးသုံး ရော့ကက်လောင်ချာတွေကို စစ်ဆေးနေတဲ့ပုံကို တွေ့မြင်ရပြီး ဝမ်းသာအားရဖြစ်နေတဲ့ သူ့ရဲ့အသံကိုလည်း ကြားနေရပါတယ်။

ပန်တဂွန်စစ်ဌာနချုပ်ကတော့ လေကြောင်းကနေ လက်နက်တွေ ၂၈ ကြိမ် ချပေးခဲ့ရာမှာ ၂၇ ကြိမ်ဟာ သတ်မှတ်ထားတဲ့နေရာကို တိုက်ရိုက်ကျခဲ့ပြီး Kurdish တိုက်ခိုက်ရေးသမားတွေထံ ရောက်သွားတာ သေချာတယ်လို့ ပြောဆိုပါတယ်။

ဒါပေမဲ့ ပစ္စည်းထုတ်ဟာ လွဲမှားပြီး စစ်သွေးကြွတွေလက်ထဲ ရောက်သွားမှုမရှိဘူး ဆိုတာ ဘယ်သူကမှတော့ တတ်အပ် သေချာ မပြောနိုင်ဘူးလို့ စစ်ဘက်ပြောခွင့်ရ သူက ပြောဆိုပါတယ်။ ရရှိထားတဲ့ ဗွီဒီယိုကို စစ်ဆေးနေတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG