သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အသေးစား စီးပွားရေးလုပ်ငန်းမြှင့်တင်ရေး အမေရိကန်လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေး

2014 Myanmar Business Mission: July 29-August 1 Council President & CEO Alexander Feldman talks with Speaker of the Lower House of Parliament Thura U Shwe Mann during the Council’s annual business mission. (Photo - https://www.usasean.org/)
2014 Myanmar Business Mission: July 29-August 1 Council President & CEO Alexander Feldman talks with Speaker of the Lower House of Parliament Thura U Shwe Mann during the Council’s annual business mission. (Photo - https://www.usasean.org/)

USAID အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီနဲ့ အမေရိကန်-အာဆီယံ Business Council တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ SMEs လို့ခေါ်တဲ့ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို Global Supply Chain ကမ္ဘာ့ကုန်ပစ္စည်းထောက်ပို့ရေး၊ စီးဆင်းမှုကွင်းဆက်ထဲ ချိတ်ဆက်နိုင်အောင် ပံ့ပိုးကူညီတဲ့အနေနဲ့ ပဏာမ အလုပ်ရုံဆွေးနွေးပွဲတရပ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ US ASEAN Business ကောင်စီ ညွှန်ကြားရေးမှူးက ပြောဆိုလိုက်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာသူ မြန်မာလုပ်ငန်းရှင်တွေကလည်း ၂၀၁၅ ခုနှစ်မှာ အာဆီယံလူမှုအသိုင်းအဝိုင်း၊ စီးပွားရေးအသိုင်းအဝိုင်း အကောင်အထည်ဖော်လာတာနဲ့အမျှ Global Supply Chain မှာ ပါဝင်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း သဘောပေါက်လာကြတာ တွေ့ရတယ်လို့ UMFCCI အမှုဆောင်တဦးကလည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းနေသလို၊ အာဆီယံအသင်းကို အလှည့်ကျဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူနေတဲ့ အချိန်မှာ အမေရိကန်-အာဆီယံ Business Council ကနေ USAID အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံက SMEs လို့ခေါ်တဲ့ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီနေတာ ဖြစ်တယ်လို့ US-Asean Business Council ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Anthony Nelson က အခုလို ပြောပါတယ်။

(ဓာတ်ပုံ - https://www.usasean.org/)

“အမေရိကန်-အာဆီယံ Business Council ကနေ အာဆီယံ ဒေသတွင်းနိုင်ငံတွေမှာ ဒီလို အသေးစားနဲ့ အလတ်စား စီးပွားရေး ပညာပေးလုပ်ငန်းတွေ လုပ်လာတာ မြန်မာနိုင်ငံဟာ ဆဌမမြောက်နိုင်ငံ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဒီအစီအစဉ်အတွက် အာဆီယံ ဒေသတွင်းက ကုမ္မဏီပေါင်း ၁ ထောင်ကျော် ပါဝင်လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံကတော့ ကုမ္ပဏီတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၂၅၀ ကျော်လောက် ပါဝင်တက်ရောက်နေတာ တွေ့ရပါတယ်။”

ဒီကနေ့ ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ ဦးဆောင်ပင်တိုင် ဆွေးနွေးခဲ့သူ UMFCCI မြန်မာနိုင်ငံ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာအောင်သိန်း ကတော့ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ ဒီနေ့ဆွေးနွေးတာကတော့ အဓိကကတော့ international supply chain နဲ့ ထိစပ်နိုင်ဖို့ ဆိုတဲ့အခါကျတော့၊ ကုန်ကြမ်းပစ္စည်း အနေနဲ့ မဟုတ်ဘဲနဲ့ semi-finished အနေနဲ့ ကျနော်တို့က တစိတ်တဒေသ ထုတ်လုပ်ပြီးတဲ့ ကုန်ချောပစ္စည်း အနေနဲ့ အဓိကကတော့ ကျနော်တို့ ကုန်ထုတ်လုပ်မှု လုပ်ငန်းဆိုရင် parts and components တွေလို့ ခေါ်ပါတယ်။ ကျနော်တို့ လုပ်ငန်းကြီးတွေက လိုအပ်တဲ့ parts and components တွေကို ကျနော်တို့နိုင်ငံမှာ ထုတ်လုပ်ပြီးတော့ သူတို့လိုချင်တာကို ပေးပို့ပြီးတော့ ဥပမာ အပြီးအစီး တပ်ဆင်ပြီးတော့ ကုန်ချောအဖြစ် နိုင်ငံတကာ ဈေးကွက်ကို တင်ပို့ရောင်းချနိုင်အောင် ဆိုပြီးတော့ ဆောင်ရွက်တဲ့ အပိုင်းဖြစ်ပါတယ်။ Semi-process or semi-finished products တွေကို ရည်ရွယ်တာပါ။”

ဒီအလုပ်ရုံ ဆွေးနွေးပွဲအပေါ် ပါဝင်တက်ရောက်သူတွေရဲ့ တုံ့ပြန်မှုကိုတော့ US-Asean Business Council ရဲ့ ညွှန်ကြားရေးမှူး Anthony Nelson ကတော့ အခုလို သုံးသပ်လိုက်ပါတယ်။

“အခုတွေ့ရသလောက်တော့ အတော်လေး စိတ်ဝင်စားတာ တွေ့ရပါတယ်။ သေသေချာချာ ဆွေးနွေးနိုင်တာ မရှိသေးပေမဲ့ နောက်ပိုင်း အမေးအဖြေ လုပ်ကြတဲ့အခါ သူတို့ဘာတွေ လိုအပ်နေသလဲ၊ ဘယ်လိုအကြောင်းအရာတွေက သူတို့အတွက် အကျိုးရှိမလဲဆိုတာ ဆွေးနွေးကြမှာပါ။ ဒီနေ့လုပ်တဲ့ workshop မှာ ကျနော်တို့ စီစဉ်ထားတဲ့ ခန့်မှန်းထားတဲ့ လူဦးရေထက် လူ ၁၀၀ ကျော်လာတက်တာကို ကြည့်ခြင်းအားဖြင့် စိတ်ဝင်းစားမှု အတိုင်းအတာကို မှန်းဆလို့ရပါတယ်။”

ဒီအလုပ်ရုံ ဆွေးနွေးပွဲရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ Global Supply Chain လို့ခေါ်တဲ့ ကမ္ဘာ့ကုန်ပစ္စည်း ထောက်ပို့ရေး စီးဆင်းမှု ကွင်းဆက်ထဲ ချိတ်ဆက်နိုင်မယ့် အခြေအနေနဲ့ ပတ်သက်လို့ ဒေါက်တာအောင်သိန်းက အခုလို ရှင်းပြပါတယ်။

“လောလောဆယ်က ကျနော်တို့က စလို့ရတာကတော့ ဒီ electrical, electronic parts တို့ automobile parts တို့ ဒီလိုမျိုးဟာတွေ၊ နောက်ပြီးတော့ labor intensive ဖြစ်တဲ့ဟာကျတော့ sub-contracting basic နဲ့ ကျနော်တို့ဒီမှာ အထည်ချုပ်တွေ ချုပ်တဲ့ပုံစံမျိုး၊ footwear ဆိုတာက shoes တို့ဘာတို့၊ နောက်တခုက ကျနော်တို့ mobile phones တွေ၊ ကင်မရာတွေအတွက်လိုတဲ့ optical lens တွေ၊ လာပြီးတော့ ထုတ်လုပ်တာမျိုးပေါ့။ ကျနော်တို့မှာရှိတဲ့ ပေါကြွယ်ဝတဲ့၊ ဈေးနှုန်းသက်သာတဲ့ လုပ်သားအင်အားထုကို အသုံးပြုပြီးတော့ ပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းမျိုးကို ဆိုလိုတာပါ။”

ဒီလိုမျိုး အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပညာပေး အစီအစဉ်တွေ နောက်ထပ် လုပ်ဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာအောင်သိန်းက ပြောပြပါတယ်။

“ဟုတ်ကဲ့၊ လုပ်ဖို့လိုပါတယ်။ ဒီတော့မှလည်း ကျနော်တို့ မြန်မာ SMEs တွေက awareness ပိုပြီးတော့ သိလာတာပေါ့နော်။ အခုကျနော်တို့ မြန်မာနိုင်ငံကလည်း စီးပွားရေး ပြုပြင်ပြောင်းလဲလိုက်ပြီး၊ နိုင်ငံရေးကလည်း ကျနော်တို့ ပြောင်းလဲတိုးတက်လာပြီ ဆိုတဲ့အခါကျတော့ ၂၀၁၅ မှာလည်း AEC လာတော့မယ် ဆိုတဲ့အခါ ကျနော်တို့က Regional Supply Chain ကတဆင့် Global Supply Chain ထဲကို ဝင်နိုင်ဖို့ လိုတယ်ဆိုတာကို ဒီကနေ့ ကျနော်တို့ တက်ရောက်လာတဲ့ မြန်မာ SMEs တွေ ကောင်းကောင်း သိသွားပါပြီခင်ဗျ။”

SMEs ခေါ် အငယ်စားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုရဲ့ အခြေခံ အုတ်မြစ်တွေ ဖြစ်တဲ့အကြောင်း၊ အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည်မှာ အလုပ်အကိုင် အခွင့်အလန်းတွေ ဖန်တီးရေး၊ ဒေသတွင်း စီးပွားရေး အသိုင်းအဝိုင်းထဲကို ဝင်ဆန့်နိုင်အောင်နဲ့ လူငယ်တွေနဲ့ အမျိုးသမီးတွေ စွမ်းဆောင်ရည် မြင့်မားရေးအတွက် ကူညီဖို့ သန္နိဓာန်ချမှတ်ထားတဲ့အကြောင်း အမေရိကန် သံရုံးရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲကို Procter & Gamble ကုမ္ပဏီ၊ UPS, USAID, HP, Hewlett-Packard, Baker & McKenzie စတဲ့ အမေရိကန် အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီကြီးတွေ၊ မြန်မာနိုင်ငံဘက်ကတော့ UMFCCI မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ MWEA မြန်မာအမျိုးသမီး စွမ်းဆောင်ရှင်များအဖွဲ့၊ MCC မြန်မာ့ကွန်ပြူတာ ကုမ္ပဏီနဲ့ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG