သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးကလင်တန်နဲ့ Congress အမတ်တွေ မြန်မာ့အရေးညှိနှိုင်း


အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell
အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုဖက်က အရေးယူပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးတဲ့နေရာ မှာရော မြန်မာနဲ့ စီးပွားရေး ဆိုင်ရာ ခြေလှမ်းတွေလှမ်းတဲ့ နေရာမှာပါ၊ Congress လွှတ်တော်က အဓိကအရေးပါသူတွေနဲ့ အနီးကပ်တိုင်ပင်ဆွေးနွေး၊ သေသေချာချာ ချင့်ချိန်၊ တဆင့်ချင်း ဆင်ခြင်ပြီးတော့မှ လုပ်တာဖြစ်ပါတယ် လို့ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကပြောလိုက်ပါတယ်။

သောကြာနေ့က NY မြို့မှာပြုလုပ်တဲ့ အာရှ Pacific ဒေသဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ Mr. Campbell က ခုလိုပြောကြားခဲ့ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိစ္စနဲ့ ပါတ်သက်လို့ အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာပါ သြဇာညောင်းတဲ့ လွှတ်တော် အမတ်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့ကြား ပုံမှန် ဆွေးနွေးမှုတွေ ရှိနေတယ်လို့လဲ အရှေ့အာရှနဲ့ Pacific ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေးလုပ်ငန်းတွေအပေါ်မှာ အင်မတန် စိတ်ဝင်စားနေကြတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပက ပုဂ္ဂိုလ်တွေနဲ့လဲ အနီးကပ်တိုင်ပင်ဆွေးနွေးပြီးမှ လုပ်တာဖြစ်တယ် ဆိုတာပြောဆိုသွားတဲ့ အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ အသေးစိတ်ဆွေးနွေးပြီးတော့ မှ ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့တာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အမေရိကန်ပြည်ထောင်စုက တာဝန်သိစွာလုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို ဥရောပနိင်ငံတွေနဲ့ရော အာရှ Pacific ဒေသနိုင်ငံတွေနဲ့ပါ ညှိုနှိုင်းပြီးလုပ်တယ်ဆိုတာကိုလဲ ခုခံပြောသွားပါတယ်။ ပိတ်ဆို့ဒဏ်ခတ်ခံထားရတဲ့ နိုင်ငံတခုက အရေးယူဒဏ်ခတ်မှုတွေကို ဖယ်ရှားတဲ့နေရာမှာ ဥပဒေဆိုင်ရာ နောက်ကြောင်းနဲ့ တိုင်ပင်ဆွေးနွေးမှုတွေကို ထူးထူးကဲကဲ မလုပ်ရင်တော့ စိန်ခေါ်မှုတွေ ကြုံရမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ Pacific ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က သတင်းစာရှင်းလင်းပွဲတခုမှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။
XS
SM
MD
LG