သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်


အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel
အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel ဟာ မြန်မာနိုင်ငံကို ဧပြီလ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။ ၉ရက် ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်မြို့ရှိ နိုင်ငံတကာ NGO တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဧပြီလ ၁၀ ရက်နေ့မှာတော့ နေပြည်တော်ကို သွားရောက်ပြီး မြန်မာအစိုးရ အရာရှိကြီးတွေနဲ့ တွေ့ဆုံမယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနက အခု အမေရိကန်စံတော်ချိန် သောကြာ ညနေပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မစ္စတာ ရပ်ဆဲလ်ရဲ့ ဧပြီလ ၆ ရက်ကနေ ၁၁ ရက် အာရှ ခရီးစဉ်အတွင်း ဧပြီလ ၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို ပထမ သွားရောက်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မှာ တနင်္လာနဲ့ အင်္ဂါ ရှိနေစဉ် အတွင်း ထိုင်းနိုင်ငံရေးအခြေအနေနဲ့ ဒေသတွင်း ပြဿ နာတွေကို ထိုင်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။
XS
SM
MD
LG