သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသုံးစရိတ်ဒေါ်လာ ၈၅ ဘီလျံ ဖြတ်တောက်ရေး အိုဘားမားလက်မှတ်ထိုး


အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ သတင်းထောက်တွေကို စကားပြောကြားနေစဉ်။ (မတ်လ ၁ ရက်၊ ၂၀၁၃)။
အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ သတင်းထောက်တွေကို စကားပြောကြားနေစဉ်။ (မတ်လ ၁ ရက်၊ ၂၀၁၃)။
အမေရိကန်ပြည်ထောင်စုမှာ အစိုးရရဲ့ အသုံးစားရိတ် ဒေါ်လာ ၈၅ ဘီလျံ အလိုလျှောက်ဖြတ်တောက်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်နဲ့ သမ္မတအိမ်ဖြူတော်တို့ကြား ဆွေးနွေးနေရာမှာ တခြားရွေးချယ်စရာနည်း ရှာဖွေနိုင်မယ့် သဘောတူညီမှုတစုံတရာ မရရှိတဲ့အတွက် အလိုအလျောက် ဘတ်ဂျက်ဖြတ်တောက်ရေး အစီအစဉ်ကို သမ္မတ ဘရက်အိုဘားမားက လက်မှတ် ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

အခုလို ဘတ်ဂျက်ဖြတ်တောက်လိုက်တဲ့အတွက် နိုင်ငံနဲ့တဝှမ်း အပြည့်အ၀ သက်ရောက်မှုဖြစ်စေဖို့ ကတော့ ရက်သတ္တပတ် အတော်အချိန်ယူရမှာ ဖြစ်ပေမဲ့ လူထုအတွင်းမှာတော့ တော်တော်လေး ရိုက်ခတ်မှုတွေ ဖြစ်နေပါပြီ။

တချို့အစိုးရဌာနတွေမှာ ပြဿနာကိုရှောင်ရှားနိုင်အောင် စီမံကိန်းတွေ လျှော့ချတာတွေ၊ အလုပ်သမားငှားရမ်းမှုတွေကို ရပ်ဆိုင်းပစ်တာတွေ လုပ်ဆောင်နေကြပါပြီ။ တချို့အစိုးရ ဝန်ထမ်းတွေကလည်း အခုလို ဘတ်ဂျက်ဖြတ်တောက်မှု ဖြစ်လာနိုင်တဲ့အတွက် ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီလို့ ပြောကြပါတယ်။

အလိုအလျောက် အစိုးရအသုံးစားရိတ်ဖြတ်တောက်မယ့် အစီအစဉ်တွေ တဖြည်းဖြည်း ဖြစ်လာတာနဲ့အမျှ ဆင်းရဲသား မိသားစုတွေ နဲ့ အလုပ်လက်မဲ့တွေကိုပေးနေတဲ့ ခံစားခွင့်တွေဟာလည်း ရတော့မှာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

အသားငါးစစ်ဆေးမှု ပြုလုပ်တာတွေ နည်းလာမှာဖြစ်တဲ့အတွက် ဈေးဆိုင်တွေမှာ အသားငါးရောင်းချနိုင်မှုတွေ နည်းပါး လာနိုင်တယ်လို့လည်း ပြောပါတယ်။ ပြည်ပကနေ အမေရိကန်ပြည်ထောင်စုကို ကုန်ပစ္စည်း တင်ပို့နေတာတွေလည်း နှောင့်နှေးလာနိုင်တဲ့ အတွက် ကုန်သွယ်ဘက် နိုင်ငံတွေမှာလည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

အသုံးစားရိတ်တွေ မသေချာ မရေရာဖြစ်လာတဲ့အတွက် စစ်ဆင်ရေးကိစ္စတွေ လုပ်ဆောင်တဲ့နေရာမှာ ထိခိုက်နိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးအသစ် Chuck Hagel ကပြောဆိုပါတယ်။
XS
SM
MD
LG