သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးတိုးမြှင်ဖို့ အမေရိကန်သံတမန် တိုက်တွန်း


မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့အတွက် ထိတွေ့ဆက်ဆံဖို့ လိုတဲ့အကြောင်း အမေရိကန် အဆင့်မြင့်အရာရှိတဦးက ပြောလိုက်ပါတယ်။

အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ လက်ထောက် ကာကွယ်ရေး ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းထားတဲ့ အမေရိကန်အရာရှိ David Shear က AP သတင်းဌာနကို ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှု တားမြစ်ချက်ကို ပြန်လည်ရုပ်သိမ်းမှာ မဟုတ်သေးဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Jen Psaki က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့အတူ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဖယ်ရှားပြီး ထိတွေ့ဆက်ဆံလာနေတဲ့ အမေရိကန် ပြည်ထောင်စုက စစ်ရေးအရ အဆက်အဆံတွေကိုလည်း တိုးမြှင့်လာဖွယ် ရှိတဲ့အကြောင်း ဆန်းစစ်သူတွေ ခန့်မှန်းနေကြတာပါ။

မကြာသေးခင် အချိန်အထိ ဗီယက်နမ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ David Shear ကတော့ မြန်မာစစ်တပ်ရဲ့ နိမ့်ကျတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG