သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံအမတ်သစ်ခန့်အပ်လွှာ အိုဘားမား လက်ခံ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) ကို နှုတ်ဆက်နေသည့် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးသန်းဆွေသည် အမရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့သည်။ ဇူလိုင်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) ကို နှုတ်ဆက်နေသည့် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးသန်းဆွေသည် အမရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့သည်။ ဇူလိုင်
အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ နှစ်ဘက်သဘောတူထားတဲ့ ဦးသန်းဆွေဟာ ဇူလိုင်လ ၃၀ ရက်နေ့က အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သူ့ရဲ့ သံအမတ် ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာဖြင့် နှစ်ပေါင်း ၂၅ နှစ်နီးပါးအတွင်း အမေရိကန်နဲ့ မြန်မာအကြား သံတမန်ဆက်ဆံရေးအဆင့်အတန်းကို အပြည့်အ၀ ပြန်ပြီး ထူထောင်လိုက်ကြတာပါ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သံအမတ်ကြီးအဖြစ် Derek Mitchell ဟာလည်း မကြာသေးခင်ကပဲ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
သံအမတ်ကြီး ဦးသန်းဆွေဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီရေးလှုပ်ရှားမှုကို အဲဒီအချိန် အာဏာသိမ်း စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုက သံတမန်ဆက်ဆံရေးအဆင့်အတန်းကို လျှော့ချခဲ့သလို မြန်မာနိုင်ငံဘက် ကလည်း အလားတူ လုပ်ဆောင်ခဲ့တာပါ။ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးခဲ့တာ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတာတွေကို တုန့််ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းခဲ့သလို သံတမန်ဆက်ဆံ ရေးကို အပြည့်အ၀ ပြန်ထူထောင်ခဲ့တာလည်းဖြစ်ပါတယ်။
XS
SM
MD
LG