သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston ဗုံးခွဲမှု လူ နောက်ထပ် ၃ ဦး ရဲဖမ်းဆီး


Boston ဗုံးခွဲမှုနဲ့ဆက်နွယ်ပြီး နောက်ထပ်ဖမ်းဆီးခံရသူ ၃ ဦးကို တရားရုံးတင်စစ်ဆေးနေစဉ် (၁ မေ ၂၀၁၃)
Boston ဗုံးခွဲမှုနဲ့ဆက်နွယ်ပြီး နောက်ထပ်ဖမ်းဆီးခံရသူ ၃ ဦးကို တရားရုံးတင်စစ်ဆေးနေစဉ် (၁ မေ ၂၀၁၃)
လူအသေအပျောက်ရှိခဲ့တဲ့ Boston မာရသွန် ဗုံးကွဲမှုအပေါ် စုံစမ်းစစ်ဆေးရေးမှာ သက်သေခံပစ္စည်း ဖျောက်ဖျက်မှုနဲ့ အမေရိကန် အာဏာပိုင်တွေက လူငယ် ၃ ဦးကို တရားရုံး တင်လိုက်ပါတယ်။

ဗုံးခွဲသူလို့ စွပ်စွဲခံထားရတဲ့ ဂျိုဟာ ဇာနော့ဗ် (Dzohkhar Tsarnaev) နဲ့ တကျောင်းတည်းနေ Massachusetts မှာ ကျောင်းတက်နေတဲ့ Kazakh နိုင်ငံသားနှစ်ဦးနဲ့ အမေရိကန်တဦးတို့ကို အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့တုန်းက ဖမ်းဆီးခဲ့ပါတယ်။

လူ ၃ ဦး သေဆုံးပြီး လူပေါင်း ၂၆၀ ကျော် ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ ဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်းမှာ သံသယဖြစ်ခံရသူ ဇာနောဗ့် (Tsarnaev) ကို အကူအညီ ပေးခဲ့တယ်ဆိုပြီး ဒီလူငယ် ၃ ဦး စွပ်စွဲခံခဲ့ရတာပါ။

Kazakhs ကျောင်းသား ၂ ဦးဖြစ်တဲ့ ဒိုင်ယာစ့် ခိုင်ဒါဘရပ် (Dias Kadyrbayev) နဲ့ အဇာမတ် တာဇာယာခေ့ါဗ် (Azamat Tazhayakov) တို့ကို အာမခံမပေးဘဲ၊ အနည်းဆုံး လာမယ့် တရားရုံး ထွက်တဲ့အထိ အကျဉ်းထောင်ထဲ ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။

တတိယ သံသယရှိသူဖြစ်တဲ့ အမေရိကန်နိုင်ငံသား ရိုဘဲလ် ဖိလစ်ပိုစ် (Robel Phillipos) ကိုတော့ လာမယ့် တရားရုံး ကြားနာစစ်ဆေးချိန်အထိ ထိန်းသိမ်းထားဖို့ အမိန့်ချထားပါတယ်။

သူတို့ ၃ ဦးဟာ ဇာနောဗ့် (Tsarnaev) ရဲ့ မီးကျည်မီးပန်းပါဝင်တဲ့ ကျောပိုးအိတ်နဲ့ laptop ကွန်ပြူတာတလုံးတို့ကို ပူးပေါင်း ဖျက်ဆီးခဲ့ကြတယ်လို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးမှူးတွေက စွပ်စွဲထားပါတယ်။ သူတို့ ၃ ဦးအနေနဲ့ ပြစ်ဒဏ် ထင်ရှားရင်တော့ ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ကျခံရမှာ ဖြစ်ပါတယ်။
XS
SM
MD
LG